ကယား-ရှမ်း ကျောင်းသားများ လွိုင်ကော်မြို့တွင် ဒီမိုကရေစီ ပညာရေး စတင်သပိတ်မှောက်


ကယားပြည်နယ် ပညာရေး သပိတ်မှောက်ကြသော ကျောင်းသူ ကျောင်းသား အချို့ (ဓါတ်ပုံ-ကေတီ)
တိုင်းရင်းသား ကျောင်းသား သမဂ္ဂများ ဖြစ်သည့် ကယား(ကရင်နီ)ပြည်နယ် ကျောင်းသားများသမဂ္ဂ နှင့် ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ တို့ ပူးပေါင်း၍ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ယနေ့မနက် ၈ နာရီတွင် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှ စတင်ချီတက်မှုများ ပြုလုပ်နေသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ၀င်းနိုင်ဦးက “ကျနော်တို့က ဒီ(၁၁)ချက်ကို ကျောင်းသားတွေကို ချပြချင်တာပါ။ ကျနော်တို့ ဘာလို့ ဒါကိုတောင်းဆိုချင်တာလဲ။ ကောင်းတယ် မကောင်းဘူးဆိုတာ။ ဆရာမတို့ကိုယ်တိုင်လည်းသိပြီးသားဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ရဲဘော်ရဲဘက်ချင်း ဒီ(၁၁)ချက်ကို ချပြဖို့ပဲလာတာ” ဟု ပြောသည်။

ရှမ်း-ကယားဒီမိုကရေစီသပိတ် စစ်ကြောင်း ကြွေးကြော်သံ များမှာ ကျောင်းသား ထုအား အကြမ်းဖက်မှု - အလိုမရှိ ၊ လေးပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်များ အမြန်ဆုံး အတည်ပြု ပြဌာန်းရေး၊ ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့် ရရှိရေး၊ ဒီမိုကရေစီပညာရေး အရေးတော်ပုံ အောင်ရမည်ဟု ပါရှိသည်။

ကျောင်းသားသပိတ်အဖွဲ့များ တက္ကသိုလ်များတွင်းသို့ ဝင်ခွင့်တောင်းဆိုကြသော်လည်း ကျောင်းဝင်းတံခါးများပိတ်ထားပြီး ဆရာ/မများက တန်းစီ ပိတ်ထားခြင်းခံခဲ့ရသည်။

လွိုင်ကော်မြို့တမြို့လုံးတွင် ဒီမိုကရေစီပညာရေးနှင့် ပတ်သက်ပြီး၍ ကျောင်းသူ၊ သားများ လွတ်လွတ်လပ်လပ် ဆန္ဒ ဖော်ထုတ်ခွင့်ပြုထားသည့်အတွက် ကျောင်းဝင်းတွင်းသို့ တခြားသော ပညာသင်ကြားနေသည့် ကျောင်းသူ/သားများအား ဝင်ရောက် မနှောက်ယှက်စေလိုကြောင်း လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်းကြည် ကျောင်းသားသပိတ်အဖွဲ့များအား ပြောသွားသည်။

“လျှောက်တာ မလျှောက်တာသားတို့အပိုင်း။ ကျောင်းတွေမှာတော့ ပြဿနာမပေးစေနဲ့။ အခုကစာမေးပွဲတွေ ဖြေနေတယ်” ဟု ဒေါက်တာ အောင်ဝင်းကြည်က ပြောသည်။

နည်းပညာတက္ကသိုလ် မှ ဒေါက်တာလဲ့လဲ့ဖြူက “၀င်ခွင့်မပေးတာမဟုတ်ဘူး။ အခုကျောင်းက ကျောင်းတက်ချိန်ဆိုလို့ရှိရင် တံခါးကိုပိတ်ထားလိုက်တာလေ။ အခုအထဲမှာ သားတို့ ညီငယ်၊ ညီမငယ်တွေ စာသင်နေကြတယ်။ တချို့ကျလည်းပဲ သင်ခန်းစာပြီးလို့ အိမ်မှာစာကျက်နေကြတယ်” ဟု ပြောသည်။

သပိတ်စစ်ကြောင်းတွင် ရှမ်းပြည်နယ်မှ တက္ကသိုလ်ကျောင်းသူ/သားများနှင့် လွိုင်ကော်မြို့မှ တက္ကသိုလ် ကျောင်းသူ/သားစုစုပေါင်း ၂၀ ဦးသည် မနက်ပိုင်းတွင် လွိုင်ကော်မြို့တွင်း စီတန်းလှည့်လည်သွားပြီး မွန်းလွှဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ နှင့် ညနေပိုင်းတွင် ဖယ်ခုံမြို့အထိ ချီတက်သွားမည်ဟု သိရသည်။

ထို့နောက် တောင်ကြီးသို့ဆက်လက်ချီတက်သွားပြီး အစည်းအဝေးတရပ်ပြုလုပ်ကာ ပင်မသပိတ်နှင့် ပူးပေါင်းသွားရန် စီစဉ်ထားကြောင်းသိရသည်။

ကယားပြည်နယ်ကျောင်းသားသမဂ္ဂဥက္ကဌခွန်ရဲမင်းကျော်က “ကျနော်တို့က ဆရာ၊မတွေကို တစ်စုံတစ်ရာ တိုက်ခိုက်ခြင်းလည်း မဟုတ်ပါဘူး။ ကျနော်တို့သာ စနစ်မကောင်းလို့ စနစ်တောင်းနေတာပါ” ဟု ပြောသည်။

မတ်လ ၄ ရက်နေ့တွင် ပူးတွဲ ကြေညာချက်တစ်စောင် ကြေငြာချက်တစောင် ထုတ်ပြန် ကြေငြာထားပြီး ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ပင်မသပိတ်စစ်ကြောင်းအား အစိုးရ အနေဖြင့် အကြမ်းဖက် မှုများအပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း၊ သက်ဆိုင်ရာ မိမိတို့ဒေသများတွင် ဒီမိုကရေစီ ပညာရေးနှင့်ပါတ်သက်၍ အရှိန်အဟုန်ဖြင့် ပြုလုပ်သွားကြမည် ဖြစ်ကြောင်းကို ပါရှိသည်။

Written by ဖြိုးဝေအောင်၊ ဆန်းဖြိုးထွန်း
ကန္တာရဝတီတိုင်း(မ်)
http://www.ktimes.org
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment