တံတားမြို့တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံး


ကျောက်တန်း မတ် ၁

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တံတားမြို့အမှတ် (၃)ရပ်ကွက် ရွှေညောင်ပင်လမ်းနေ ဒေါ်ကြည်ညွန့်(ခ) ဒေါ်တရုတ်မ (၄၇)နှစ်သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီခန့်က သုံးခွမြို့ကယ်ရီ ဂိတ်မှ ဆိုင်ကယ်တစ်စီးငှား၍ တံတား မြို့သို့ပြန်လာရာ တံတားမြို့နှင့် ကဒပ္ပနကျေးရွာကြား အလယ်ဇရပ် အနားရောက်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသဖြင့် တံတားဆေးရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသရာ နံနက် ၁ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။

ဆိုင်ကယ်မောင်းသူမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် တံတားရဲစခန်း က အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အောင်ဆွေ(ရွှေတံတား)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment