နိုင်ငံခြားသား တစ်ဦး ဗုဒ္ဓပုံကို မဖွယ်မရာပြု ၊ မြန်မာမှာ ထောင်ကျခံရနိုင်

Philip Blackwood (Credit: AFP) 
မြန်မာနိုင်ငံက ​အရက်ဘားတစ်ခုမှာ ​အလုပ်လုပ်ကိုင်နေတဲ့ ​နယူးဇီလန်နိုင်ငံသား ​တစ်ဦး ​ဗုဒ္ဓဆင်းထုတော်ကို ​မဖွယ်မရာ ​ပြုတဲ့အတွက် ​အပြစ်ပေးခံရမယ့် ​အနေအထား ​ရှိနေပါတယ်။

Philip ​Balckwood ​ဟာ ​VGastro ​ဘားရဲ့ ​မန်နေဂျာဖြစ်ပြီး ​အခုလောလောဆယ် ​မြန်မာနိုင်ငံသား ​ဘားပိုင်ရှင်အပြင် ​တခြား ​မြန်မာ ​မန်နေဂျာ ​တစ်ဦးနဲ့အတူ ​အင်းစိန်ထောင်မှာ ​ချုပ်နှောင်ခံနေရပါတယ်။

ပြီးခဲ့တဲ့ ​ဒီဇင်ဘာလတုန်းက ​ဗုဒ္ဓဆင်းထုတော်ကို ​DJ ​နားကြပ်တပ်ဆင်ပေးထားတဲ့ ​ဓာတ်ပုံကို ​ဖေ့စ်ဘွတ်ပေါ် ​တင်ခဲ့ရာက ​တရားစွဲခံရတာ ​ဖြစ်ပါတယ်။

ဘားပိုင်ရှင် ​ဦးထွန်းသူရိန်နဲ့ ​မန်နေဂျာ ​ထွဋ်ကိုကိုလွင်တို့ကတော့ ​အဲဒီ ​ဓာတ်ပုံကို ​သူတို့ ​မတင်ခဲ့ရတဲ့အတွက် ​အပြစ်မရှိဘူးလို့ ​ထွက်ဆိုနေပါတယ်။

နယူးဇီလန်နိုင်ငံသားကတော့ ​အဲဒီ ​ဓာတ်ပုံကို ​တင်မိခဲ့တယ်လို့ ​ဝန်ခံထားပေမယ့် ​အရက်ကို ​ဈေးပေါပေါနဲ့ ​ရောင်းနေတယ် ​ဆိုတာကို ​ကြော်ငြာလိုခြင်းသာ ​ဖြစ်ပြီး ​ဗုဒ္ဓရုပ်ပွားကို ​ပျက်ရယ်ပြုလိုတဲ့ ​ရည်ရွယ်ချက်နဲ့ ​တင်ခဲ့တာ ​မဟုတ်ဘူးလို့ ​ကာကွယ်ထွက်ဆိုထားပါတယ်။

ဒီအမှုမှာ ​အပြစ်ရှိတယ်လို့ ​ထင်ရှားရင်တော့ ​ဘာသာရေးဥပဒေအရ ​ထောင်ဒဏ် ​၄ ​နှစ်အထိ ​ကျခံရနိုင်ပါတယ်။

အမှုကို ​လာမယ့် ​မတ်လ ​၁၇ ​ရက်နေ့မှာ ​စီရင်ချက် ​ချမယ်လို့လည်း ​သိရပါတယ်။

ဖေ့စ်ဘွတ်ပေါ် ​တင်ထားတဲ့ ​ဓာတ်ပုံကို ​ပြန်လည်ဖျက်လိုက်သလို ​VGastro ​ဘားကိုလည်း ​ပိတ်ချထားလိုက်ပြီလို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment