တရားရုံးအကျင့်ပျက်ချစားမှု ကင်းရှင်းရေး တောင်ကုတ် မှာ တောင်းဆိုဆန္ဒပြ

အမှုတွေကို မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့ မတ်လ ၃ ရက်နေ့ က တောင်ကုတ်မြို့ဒေသခံတွေ တရားရုံးရှေ့မှာ ဆန္ဒပြစဉ်။ Photo: RFA
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တရားရုံးမှာ အကျင့်ပျက်ခြစားမှုတွေရှိနေပြီး အမှုတွေကို မှန်မှန် ကန်ကန်ဆုံးဖြတ်ပေးဖို့ ဒေသခံ ၁၀၀ လောက်က တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အဲဒီတရားရုံးမှာ ပြစ်ဒဏ်တွေကို လျော့ပေါ့ချမှတ် တာတွေ ရှိနေတဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေတာကို အမြန်ဆုံးတည့်မတ်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ မြို့ခံ ဦးဝေသောင်း က ပြောပါတယ်။

"ပြစ်မှုကိုလျော့ပေါ့ပြီး ပြစ်ဒဏ်စီရင်တယ်ဆိုတော့ မမျှတဘူး၊ တောင်ကုတ်မြို့နယ်က တရားရေးမဏ္ဍိုင် တိမ်းစောင်းနေတယ် အဲ့ဒါကြောင့် ဆန္ဒပြတာပါ"

တောင်ကုတ်မြို့နယ် တရားရုံးမှာ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို အမှုတွဲမှာ ပြောင်းပြန်ရေးသားပြီး မမှန်မကန် ဆုံးဖြတ်တာတွေရှိတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ တောင်ကုတ်မြို့နယ် တရားရုံးမှာ ကိုယ်တိုင်အမှုရင်ဆိုင်ခဲ့ကြသူတွေလို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment