မန်းရွှေစက်တော်ရာဘုရားမှ အမြင်မတင့်တယ်စေသူများ


မင်းဘူး မတ် ၃

မကွေးတိုင်း ဒေသကြီး မင်းဘူး(စကု) မြို့နယ်တွင် ဘုရားရှင်၏ ဝဲဘက် ခြေတော်ရာနှစ်ဆူရှိသော မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက် (ဧပြီ ၁၇ ရက်) နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ မန်းရွှေစက်တော်ရာ ဘုရားသည် မြန်မာပြည်အနှံ့အပြားရှိ တန်ခိုးကြီး ဘုရားပွဲတော်များထဲမှ လူသိများထင်ရှားသည့် ဘုရားပွဲတော်ဖြစ် သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ လာရောက် ဖူးမြော်လည်ပတ်ကြ၍ စည်ကားလျက်ရှိပေသည်။ တာဝန်ရှိသူတို့၏ ကြီးကြပ် ကွပ်ကဲမှုကြောင့် သွားလာနေထိုင်စားသောက်ရေး၊ တည်းခိုဆောင်များ၊ ရေချိုးဆိပ် စသည်တို့မှာ အားလုံးအဆင်ပြေသန့်ရှင်းသာယာလှပကောင်း မွန်သော်လည်း အထက်စက်တော်ရာ ရောက်ခါနီး လှေကားလက်ရန်းတစ်ဖက် တွင် လှေကားတစ်ထစ်၊ တစ်ယောက်ထိုင်လျက် တန်းစီတောင်းရမ်းနေသူများကို မြင်တွေ့ရသည်မှာ အမြင်မတင့်တယ်သကဲ့သို့ အကျည်းတန်လှပါသည်။

ထို့အပြင် နိုင်ငံခြားခရီးသွား ဧည့်သည်များလာရောက်၍ မြင်တွေ့သွား လျှင် ကိုယ့်လူမျိုးအထင်အမြင်သေးသွားနိုင်ပါသည်။ မသန်စွမ်းသူများ၊ အသက် အရွယ်ကြီးရင့်သူများသာမက ခြေကောင်း၊ လက်ကောင်း၊ အရွယ်ကောင်း များပါ ပါဝင်နေခြင်းက ပို၍ဆိုးသည်။

သို့ပါ၍ အမြင်မတင့်တယ်သော အထက်စက်တော်ရာအနီး လှေခါးထစ် များပေါ်မှ တောင်းရမ်းစားသောက်နေသူများကို ဖယ်ရှားပေးပါက ဘုရားဖူးလာ ပြည်သူများစိတ်ချမ်းမြေ့စွာ သွားလာဖူးမြော်နိုင်ပြီး အရုပ်ဆိုးအလှပျက်မှုများ မှလည်း ကင်းဝေးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

သစ်သစ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment