ဒီလွယ်ကူသောနည်းကြောင့် အအေးမိခြင်းအတွက် ပူစရာမလိုတော့ပါc

အအေးမိ၊ လည်ချောင်းနာခြင်းနဲ့ နာစေးမှု တစ်ခုခုဖြစ်ရင် ဒါတွေကို လုပ်ဆောင်သင့်ပါတယ်။
၁။ အရည်တစ်ခုခုကို များများသောက်ပါ
သဘာဝအချိုရည်တွေနဲ့ ရိုးရိုးရေဟာ လည်ချောင်း နာကျင်ခြင်းဝေဒနာတွေ သက်သာစေပြီး နှာစေးနေတဲ့ နှာခေါင်း ပွင့်စေမှာဖြစ်တယ်။ လက်ဖက်ရည်အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်နဲ့ အီလက်ထရိုလိုက်ကို ပေးတဲ့အတွက် ကြက်စွပ်ပြုတ် ဟင်းချို သောက်ပေးဖို့ အကြံပြုထားပါတယ်။
၂။ လည်ချောင်းဆေးကြောသန့်စင်ခြင်း
နွေးရုံသာရှိတဲ့ ရေဖန်ခွက်တစ်ခုတွင် ဆားလက်ဖက်ရည်ဇွန်း (၁) ဇွန်း ရောထည့်ပါ။ လည်ချောင်းထဲရှိ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေ ရှင်းလင်းဖို့ အဲဒီရေနဲ့ ပလုတ်ကျင်းပေးပါ။
၃။ ပေါ့ပါးလွယ်ကူတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ
လွယ်ကူရိုးရှင်းသော တချို့လေ့ကျင့်ခန်းတွေဟာ အအေးမိဝေဒနာကို ထိထိရောက်ရောက် ကူညီ ကျော်ဖြတ်စေနိုင်ပါတယ်။ သို့သော် အရေးကြီးဆုံး သတိပြုရမယ့်အချက်က ခန္ဓာကိုယ်ကို မနိုင်မနင်း၊ နင်းကန် မလုပ်မိစေဖို့ပဲဖြစ်တယ်။ ဒါကြောင့် ရိုးရှင်းပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ ပြောတာဖြစ်ပါတယ်။
၎။ ရေနွေးဖြင့် ရေမိုးချိုးပါ
ညအိပ်ယာမဝင်ခင် ရေနွေးဖြင့် ရေမိုးချိုးပါ။ ရေကြောင့် ကြွက်သားတွေ သက်သောင့်သက်သာ ဖြစ်စေပြီး ရေနွေးငွေ့အားကြောင့် အသက်ရှူချောင်စေပါလိမ့်မယ်။
Ref:healthyfoodstar.com
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment