အကြမ်းဖက်လုပ်ရပ် လေးပွင့်ဆိုင် သဘောတူညီချက်ကို ချိုးဖောက်ကြောင်း NNER ပြော

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ က ဆော်လမွန်တာဝါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ Photo: Thiha Tun/ RFA
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားပြည်သူတွေကို တာဝန် စာသားပါ အမည်မသိ လက်ပတ်နီအရပ်ဝတ်တွေက လက်နက်နဲ့ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းတဲ့လုပ်ရပ်ဟာ ဒီမိုကရေစီစံနှုန်းတွေကို မျက်ကွယ်ပြုတဲ့အပြင် လေးပွင့် ဆိုင် သဘောတူညီချက်တွေကိုလည်း ဖောက်ဖျက်တဲ့ အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း NNER အဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီလုပ်ရပ်ကြောင့် နိုင်ငံ့ဂုဏ်သိက္ခာပါ ကျဆင်းစေကြောင်း ၊ အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားအောင် ၀ိုင်းဝန်း တားဆီးပေးဖို့ တောင်းဆိုကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံရုံးများအနေနဲ့ မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို စာနာထောက် ထားသောအားဖြင့် ၀ိုင်းဝန်းကူညီဖြေရှင်းပေးကြ ပါရန် မေတ္တာရပ်ခံကြောင်း NNER အဖွဲ့က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment