ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှအပြန် RCSS/SSA အား နေပြည်တော်ရဲတပ်ဖွဲ့မှ တနာရီကျော် ခေါ်ယူစစ်ဆေး

Photo: RCSS/SSA အား နေပြည်တော်ရဲတပ်ဖွဲ့မှ တားဆီးစစ်ဆေးစဉ်
မတ်ခ်ျလ ၄ ရက် ၂၀၁၅

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံ ဆွေးနွေးပွဲမှအပြန် ရန်ကုန်-မန္တလေး ၊ နေပြည်တော် အမြန်လမ်းတွင် RCSS/SSA မောင်းနှင်လာသော ယာဉ်အား နေပြည်တော်ရဲ တပ်ဖွဲ့မှ တနာရီကျော် ခေါ်ယူ စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည် ။

နေပြည်တော် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိသူက RCSS/SSA မှ မောင်းနှင် လာသော ယာဉ်(၅)စီး၏ ယာဉ်မောင်းလိုင်စင် ၊ ကားလိုင်စင်၊ ခရီးစဉ်တွင်လိုက်ပါသူများစာရင်း နှင့် ကိုယ်ရေးအကျဉ်းများ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည် ။

“ ကျနော်တို့ NCA ကိုသွားဖို့ ဘားအံမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပါတ် သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုသွား တာ။သက်ဆိုင်ရာ အဆင့်ဆင့်ကိုလည်း အသိပေး အကြောင်း ကြားပြီးမှ သွားတာ။ နေပြည်တော် ရဲတပ်ဖွဲ့က တစ်နာရီကျော်ကြာခေါ်စစ်တာ။ ဒါ မဖြစ် သင့်ပါဘူး။ အထက်ကလူကြီးတွေ လုပ်ဆောင်ချက်ကို အောက်ခြေက မသိဘူး ဆိုတဲ့ သဘော ဖြစ်နေတယ် ” ဟု ယင်းခရီးစဉ်တွင်လိုက်ပါသော RCSS အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရန် RCSS မှ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ စရဖ နှင့်သက်ဆိုင်ရာ ဌာနအသီးသီးထံ အကြောင်း ကြားထားသော်လည်း ယခုကဲ့သို့ မလိုလားအပ်ပဲ စစ်ဆေးမေးမြန်းလာခြင်းကြောင့် ခရီးစဉ်နှောင့်နှေးခြင်း၊ ယုံကြည်မှုတည် ဆောက်ရာတွင် မလိုလားအပ်သော ပြဿနာ များဖြစ်လာနိုင်ခြင်းတို့၏ အကြောင်းရင်းများဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၁ ရက်နေ့အထိ ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး RCSS, KNU, ALP, DKBA, PNLO, CNF,KNPP, MNSP, KNLA စသည့်တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ခဲ့သည်။ RCSS မှလည်း ၂၄ ဦးတက်ရောက်ခဲ့သည်ဟု သိရသည် ။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့တွင် RCSS မှ လူငယ်စွမ်းရည်မြင့်သင်တန်း ကျင်းပပြုလုပ်ရာ လင်းခေးခရိုင် မိုးနဲမြို့အခြေစိုက် ခလရ ၂၄၈ က ၀င်ရောက် တိုက် ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ တစ်ဦး ဒဏ်ရာရရှိကာ RCSS ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်၊ ယိင်းတိုင်း
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment