‘‘အနုပညာလောကထဲကို စ၀င်လာပြီဆိုရင် တောက်လျှောက်ကြိုးစားမှသာ အောင်မြင်တာ’’


နီနီခင်ဇော်နှင့်တွေ့ဆုံခြင်း


သံစဉ်များနှင့်ကမ္ဘာ စင်မြင့်ထက်မှ ဂီတလောကသို့ ရောက်ရှိလာသည့် အနုပညာရှင်များတွင် နီနီခင်ဇော်သည် လက်ရှိအချိန်၌ မြန်မာ့ဂီတလောကတွင် အောင်မြင်သော အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီဖြစ်သည်။ တစ်ကိုယ်တော်ခွေအနေဖြင့် မာရီယိုတစ်ခွေသာ ထွက်ရှိထားသေးသော်လည်း အတွဲခွေများတွင် ပါဝင်သီဆိုသည့် သီချင်းများကို ပရိသတ်အသိအမှတ်ပြုမှုရရှိနေကာ ပြီးခဲ့သည့်နှစ် ဂီတထူးချွန်ဆုပေးပွဲ၌လည်း ဆုများရရှိခဲ့သည်။ ယခုနောက်ပိုင်းတွင် ဖက်ရှင်ပိုင်းအပြောင်းအလဲရှိလာသလို ဒုတိယတစ်ကိုယ်တော်ခွေအတွက် ပြင်ဆင်လျက်ရှိသည့် နီနီခင်ဇော်ကို ၎င်း၏အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး- ပြီးခဲ့တဲ့တစ်နှစ်လုံး ဂီတထူးချွန်ဆုတွေရခဲ့သလို အောင်မြင်မှုတွေလည်း ပိုပြီးရခဲ့တာဆိုတော့ ၂၀၁၅ အတွက်ရော ဘာတွေပြင်ဆင်ထားလဲ။
ဖြေ- ၂၀၁၅ မှာ ဘယ်လိုဆန်းသစ်မလဲ၊ ဘယ်လိုရှေ့ဆက်ရမလဲ။ အမြဲတမ်းစဉ်းစားပါတယ်။ အမြဲတမ်းလည်း တီထွင်ထားပါတယ်။ ပြင်ဆင်မှုပိုင်းကတော့ စဉ်းစားထားတာတွေများတော့ လုပ်ချင်တာတွေ အရမ်းများတယ်။ 
မေး- ပရိသတ်ပေးတဲ့ဆုတွေရော၊ ဂီတပညာရှင်တွေပေးတဲ့ဆုတွေရော ရခဲ့တာဆိုတော့ ရှေ့ဆက်မယ့် ဂီတခရီးအတွက် ပိုပြီးတာဝန်ကြီးတယ်လို့ ခံစားရလား။
ဖြေ- တာဝန်ရယ်လို့တော့ မခံစားမိပါဘူး။ ၀န်ထုပ်ဝန်ပိုးကြီး တစ်ခုလို့လည်း မခံစားမိပါဘူး။ နီနီ ကြိုးစားခဲ့တာတွေအားလုံးကို အသိအမှတ်ပြုပေးတယ်၊ အရာထင်လာတယ်။ ကိုယ့်ရဲ့အားဆေးတစ်ခွက်လို့ပဲ အမြဲတမ်း ခေါင်းထဲမှာထားပါတယ်။
မေး- ဝေဖန်မှုတွေရော၊ ချီးကျူးမှုတွေရော ခံခဲ့ရတဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်းက နီနီခင်ဇော်ဘ၀အတွက် ဘယ်လောက်အမှတ်တရ ဖြစ်စေတဲ့ သီချင်းတစ်ပုဒ်လို့ ပြောလို့ရမလဲ။
ဖြေ- အခက်အခဲတွေလည်း အရမ်းများသလို နီနီတို့ ကြိုးစားခဲ့တာလည်း အရာထင်ခဲ့တဲ့ သီချင်းပါ။
မေး- ‘ဂယ်ဘဲ ဂယ်ဘဲ’ သီချင်းက သင်္ကြန်အပြီးမှာ ထွက်မယ့် ဒုတိယတစ်ကိုယ်တော်ခွေထဲက သီချင်းတစ်ပုဒ်ဆိုတော့ ဒုတိယအခွေက အရင်အခွေနဲ့မတူတဲ့ ဘယ်လိုသီချင်းပုံစံတွေပါမလဲ။
ဖြေ- အရင်အခွေနဲ့မတူတဲ့ သီချင်းတွေ အများကြီးပါပါလိမ့်မယ်။ ဒုတိယတစ်ကိုယ်တော်ခွေကလည်း ထူးခြားမှာပါ။ သင်္ကြန်ပြီးမှဆိုတော့ နောက်လထဲမှာ ထွက်နိုင်အောင်တော့ ကြိုးစားပါမယ်။ အကုန်လုံးလည်း မပြီးသေးဘူး။ လုပ်စရာလေးတွေတော့ ကျန်သေးတယ်။
မေး- အခုနောက်ပိုင်း သီချင်းတော်တော်များများကို ပါဖောမန့်နဲ့ ဖျော်ဖြေတာက ကိုယ့်ရဲ့တင်ဆက်မှုအပိုင်းကို ဘယ်လိုထောက်ပံ့မှုပေးနိုင်တယ်လို့ထင်လဲ။
ဖြေ- အဓိကက သီချင်းတွေ ပိုင်နိုင်သွားအောင် အရင်လုပ်သင့်တယ်။ သီချင်းပိုင်နိုင်သွားရင် ပါဖောမန့်အပိုင်းကို စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ကမ္ဘာနဲ့အ၀န်း အားလုံးကလည်း ကနေကြ၊ ဆိုနေကြတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ပါဖောမန့်နဲ့ ဖျော်ဖြေပေးရင် ပရိသတ်တွေ ပိုပြီးစိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။
မေး- အခုနောက်ပိုင်း Candy ဆန်ဆန် အရောင်လေးတွေကို ၀တ်လာတာက ဖက်ရှင်ပိုင်းကို အပြောင်းအလဲလုပ်လိုက်တဲ့ သဘောလား။
ဖြေ- ဖက်ရှင်ကတော့ ကိုယ့်ရဲ့စိတ်အပေါ်မှာပဲ မူတည်ပြီး ပြောင်းလဲသွားပါတယ်။ ကိုယ့်ရဲ့စိတ်မှာရှိတာကိုပဲ ချက်ချင်းဝတ်ဖြစ်ပါတယ်။
မေး- အရင်က နီနီခင်ဇော်ကို ပရိသတ်တွေက ကိုယ်လုံးကိုယ်ထည်ကြီးတယ်လို့ ပြောကြပေမယ့် ခုနောက်ပိုင်းမှာ အရင်ထက် ပိုပြီးကြည့်ကောင်းလာတယ်လို့ ပြောကြတာဆိုတော့ ခန္ဓာကိုယ်အတွက် အချိန်ပေးလေ့ကျင့်ဖြစ်နေလား။
ဖြေ- ဘာမှများများစားစားတော့ လေ့ကျင့်တာတော့ မရှိပါဘူး။ သွားရင်းလာရင်း လှုပ်ရှားရင်းနဲ့ပဲ အတက်အကျဖြစ်တာပါ။ Gym တော့ ဆော့ဖြစ်ပါတယ်။ ဒါပေမဲ့ မအားတဲ့ရက်တွေတော့ မဆော့ဖြစ်ပါဘူး။ မိုးတွင်းဆိုရင်တော့ အမြဲတမ်း Gym ဆော့ဖြစ်တယ်။ ခုလိုပွင့်လင်းရာသီလည်းဖြစ်တယ်၊ ပွဲတွေလည်း သွားနေရရင်တော့ မသွားဖြစ်ဘူး။
မေး- ပညာရေးဘက်မှာလည်း ဆေးကျောင်းတက်ခဲ့တာဆိုတော့ ဆရာဝန်တစ်ယောက်အနေနဲ့ ဘ၀ရပ်တည်ဖို့ အစီအစဉ်ရှိလား။ အဆိုတော်တစ်ယောက်ရဲ့ဘ၀ကိုပဲ ရွေးချယ်တော့မှာလား။
ဖြေ- နီနီက စိတ်ထဲရှိတာကို အမြဲလုပ်တယ်။ ဒါပေမဲ့ ကိုယ်လုပ်စရာရှိတာကို ပြီးမြောက်အောင်တော့ အမြဲလုပ်တယ်။ အဲဒါကြောင့် မပြောတတ်သေးပါဘူး။
မေး- မယ်လိုဒီဝေါလ်က အနုပညာပါရမီရှိတဲ့သူတွေ တက်လာကြပေမယ့် ပရိသတ်ရှေ့ကို မရောက်လာတာက ဘာကြောင့်လို့ထင်လဲ။
ဖြေ- အဲဒါကိုတော့ နီနီ မပြောတတ်ပါဘူး။ နီနီတို့လည်း အစက ပြိုင်ပွဲပြီးသွားရင် ဘ၀ပြီးသွားပြီလို့ ထင်ခဲ့ပေမယ့် ပြိုင်ပွဲပြီးမှ ဘ၀စမှန်း သိတာပါ။ ပြိုင်ပွဲမှာ ဆုရရ၊ မရရ၊ ကောင်းကောင်း၊ မကောင်းကောင်း တကယ်အနုပညာလောကထဲကို စ၀င်လာပြီဆိုရင် တောက်လျှောက်ကြိုးစားမှသာ အောင်မြင်တာ။ အဲဒါကြောင့် ဆုရခြင်း၊ မရခြင်းနဲ့လည်း မဆိုင်ပါဘူး။ အဲဒါကြောင့် အခုပြိုင်နေတဲ့ မောင်လေးတွေ၊ ညီမလေးတွေ အားလုံးလည်း ဆုမရလည်း စိတ်ဓာတ်မကျသွားပါနဲ့။ အနုပညာလောကဆိုတာက နေ့စဉ်တိုင်းကြိုးစားနေမယ်။ သူများနဲ့မတူအောင် ဘယ်လိုမျိုးဆိုရမလဲဆိုတဲ့ နည်းလမ်းတွေ ရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် တစ်ရက်မဟုတ်တစ်ရက် ဖြစ်လာမှာပါ။
မေး- Water Party ရေပါတီအခွေတွေမှာ သင်္ကြန်သီချင်းတွေဆိုထားတော့ သင်္ကြန်သီချင်းဆိုရတာက တခြားသီချင်းတွေဆိုရတာနဲ့စာရင် ဘယ်လိုကွာခြားမှုတွေရှိလဲ။
ဖြေ- သင်္ကြန်သီချင်းဆိုရတာက ကွာခြားမှုအနေနဲ့ ထူးထူးခြားခြား အချစ်မပါတဲ့အတွက် ပိုပြီးလွတ်လပ်တယ်လို့ ခံစားရပါတယ်။
မေး- သင်္ကြန်ကိုရော ဖျော်ဖြေရေးအနေနဲ့ပဲ ဖြတ်သန်းဖြစ်မှာလား။ သင်္ကြန်ဘယ်မှာရှိမှာလဲ။
ဖြေ- သင်္ကြန်ကို ဖျော်ဖြေရေးအနေနဲ့ပဲ မန္တလေးအယ်လ်ပိုင်းမဏ္ဍပ်မှာ ရှိပါမယ်။
မေး- မြန်မာ့နှစ်သစ်ကူးကို ရောက်တော့မှာဆိုတော့ အားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။
ဖြေ- ၂၀၁၅ က အားလုံးရင်ခုန်နေတဲ့ အချိန်ဖြစ်တဲ့အတွက် နီနီအပါအ၀င် မြန်မာနိုင်ငံမှာရှိနေတဲ့ ပရိသတ်တွေအားလုံး ကံကောင်းခြင်းတွေနဲ့ ဆုံတွေ့နိုင်ပါစေ။ ပရိသတ်တွေ ကျန်းမာချမ်းသာပြီး ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။
ကျေးဇူးတင်ပါတယ်။
Byဇွဲဉာဏ်

Source:7daydaily.com



  • သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
  • မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
  • ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
  • အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
  • အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
  • အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
  • ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
  • ၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
  • မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
  • ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွါး
  • မလေးရှားသွားမည့် ရထားပေါ်တွင် တရားမ၀င်မြန်မာ ၇၆ ဦးကို ထိုင်းရဲ ဖမ်းဆီး


  • မျက်နှာမှာ ဆင်နှာမောင်း ပုံစံရှိနေ တာမို့ ဟိန္ဒူ နတ်ဘုရားမှ ဖန်ဆင်းထားသူ အဖြစ် ယုံကြည်နေကြ
  • ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းသွား ခဲ့တဲ့ အသက် (၁၁) နှစ်အရွယ် ကလေးငယ်
  • ရှုတင်မှာ ဘတ္ထရီတုံး ခေါင်းပေါ်ပြုတ်ကျလို့ ခေါင်းပေါက်သွားခဲ့တဲ့ သွန်းဆက်က သင်္ကြန်ကို           အိမ်မှာနားဖြစ်မယ်လို့ ဆို
  • ဗီဒီယိုပိုင်းမှာ စိတ်တိုင်းမကျတဲ့ အပိုင်းလေးတွေကြောင့် ကားရိုက်လျော့ချလိုက်တဲ့ မိုးယုစံ
  • မဏ္ဍပ်ထိုင်ဖြစ်ရင် Alpine မဏ္ဍပ်မှာပဲ ရှိပါမယ်လို့ ဆိုလိုက်တဲ့ နန်းဆုဦး



  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment