ပိန်လွန်းသည့် မော်ဒယ်များကို ပြင်သစ်က အလုပ်လုပ်ခွင့်ပိတ်၊ အေဂျင်စီများကို အရေးယူမည်



ပြင်သစ် အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ ပိန်လွန်းသွယ်လွန်းတဲ့ ဖက်ရှင် မော်ဒယ်တွေကို အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ပြီး မော်ဒယ်တွေကို ပွဲထုတ်တဲ့ အေဂျင်စီတွေနဲ့ သူတို့ကို ငှားတဲ့ ဖက်ရှင်လုပ်ငန်းတွေကို ဒဏ်ငွေတပ်ဖို့၊  ထောင်ချဖို့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

အငြင်းပွားဖွယ် ဥပဒေ ကြမ်းကို အောက်လွှတ်တော်မှာ အကြိတ်အနယ် ငြင်းခုံခဲ့ရပြီး ဥပဒေကြမ်းကို ကန့်ကွက်သူတွေက ဒီလို ဥပဒေကြောင့် ပြင်သစ်မှာ နိုင်ငံခြားက မော်ဒယ်တွေ ပိုပြီး နေရာရလာလိမ့်မယ်လို့ ဆိုပါတယ်။

လွှတ်တော်က ဆိုရှယ်လစ်ပါတီ အဖွဲ့ဝင် အိုလီဘာ ဗာရန်က ဥပဒေကြမ်းကို တင်ခဲ့ပြီး မော်ဒယ်တွေကို မငှားခင်မှာ သူတို့ဟာ ၀ိတ်ချတာ လွန်ပြီး အာဟာရချို့တဲ့သူတွေ ဖြစ်နေသလားဆိုတာကို ကျန်းမာရေး စစ်ဆေးဖို့ လိုတယ်လို့ ဆိုပါတယ်။ဥပဒေကြမ်းမှာ မော်ဒယ်တွေကို မငှားခင်မှာ ဆေးအရင် စစ်ခိုင်းထားတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ BMI အညွှန်းကိန်းအတိုင်း ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တွက်ချက်ရမယ်။ တမင်ကို အစာအငတ်ခံပြီးတော့ အာဟာရ ချို့တဲ့အောင် လုပ်ထားတဲ့ မော်ဒယ်တွေကို အလုပ်လုပ်ခွင့်အတွက် ဆေးလက်မှတ်ထုတ်မပေးရဘူး။ ဒါဟာ အသက်အန္တရာယ်ရှိတဲ့ ကိစ္စ၊ ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းတဲ့ ကိစ္စဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီဥပဒေဟာ ပြင်သစ်မှာ မိန်းကလေးငယ်တွေ အစားအသောက်ကို အငတ်ခံပြီး အာဟာရချို့တဲ့အထိ အလွန်အကျွံဝိတ်ချနေတဲ့ ကိစ္စကို တားဆီးဖို့ ပြင်သစ်အစိုးရရဲ့ အစီအမံတခုဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment