သင်္ကြန်ကို ချောင်းသာမှာ သီချင်းဆိုရင်း ဖြတ်သန်းမယ့် ဆန်းသစ်လ


ငယ်ငယ်က သင်္ကြန်ဆိုရင် ယိမ်းကဖြစ်တယ်လို့ ဆိုလာတဲ့ ဆန်းသစ်လက “သင်္ကြန်မရောက်ခင် သီချင်းတွေ ကြားတာနဲ့တင်ပျော်တယ်။ ရေဆော့ရတာလဲ ၀ါသနာပါတယ်။ သင်္ကြန်မှာ သီချင်းဆိုရတာလဲ ညီမအရမ်းပျော်တယ်။ သဘောလဲကျတယ်။ ငယ်ငယ်ကဆိုရင် နှစ်တိုင်းလိုလို သင်္ကြန်မှာ ယိမ်းကဖြစ်တယ်။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေအတွက် အရမ်းကို ပျော်စရာကောင်းတဲ့ ပွဲတော်တစ်ခုလို့လဲမြင်မိတယ်။ ဒီနှစ်သင်္ကြန်ကိုတော့ ချောင်းမှာကနေ ဖြတ်သန်းမှာပါ။ အင်ပါယာ တီးဝိုင်းအဖွဲ့နဲ့ပါ။ သီချင်းကတော့ ဆိုဖြစ်မယ်။ ညီမက ပရော်ဖက်ရှင်နယ် အဆိုတော် မဟုတ်တဲ့အတွက် သည်းခံပြီး နားထောင်ပေးကြပါ” တဲ့။
သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့လည်း “အခုလက်ရှိ ညီမ အမ်တီဗီလေးတွေ ရိုက်ဖြစ်နေတယ်။ တီဗီကြော်ငြာလေးတွေကတော့ ပြေထားတာလေးတွေ ရှိတယ်။ အဲ့ဒါလေးတွေကို မေမေနဲ့တိုင်ပင်ပြီး လက်ခံဖြစ်တယ်။ အဓိက လုပ်ဖြစ်နေတာကတော့ ညီမတစ်ကိုယ်တော် အခွေလေးပေါ့။ ဦးစားပေး လုပ်ဖြစ်နေတယ်။ ညီမကိုယ်တိုင်က လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် အီလက်ထရိုပေါ့ ပုံစံလေးတွေပါမယ်။ ပိုပြီးတော့ အမှတ်ရအောင်လို့ မေမေအရင်တုန်းက အောင်မြင်ခဲ့တဲ့ သီချင်း ၂ ပုဒ် ၃ ပုဒ်လောက် ပြန်ထည့်မယ်။ အဓိကက လူငယ်ပုံစံလေးတွေပဲ များမယ်။ တေးရေးတွေကတော့ များတယ်။ အနီးကပ် သေချာမှပဲ ပြောတော့မယ်။ တော်ကြာ ကိုယ်ပြောထားပြီးသား လူမပါရင် အားနာစရာတွေ ဖြစ်ကုန်မှာစိုးလို့ အတိအကျ ရွေးပြီးပြီဆို ထပ်ပြောပါ့မယ်”လို့ သူမက ပြောပြသွားပါတယ်။
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment