အမျိုးသားတဦးကို မုဒိန်းကျင့်သည့် တောင်ကိုရီးယား အမျိုးသမီး စွဲချက်တင်ခံရ


အမျိုးသားတဦးကို ဆေးကျွေးပြီး မုဒိန်းကျင့်ဖို့ ကြိုးစားတဲ့ အသက် ၄၅ နှစ် တောင်ကိုးရီးယား အမျိုးသမီး တဦးကို စွဲချက်တင်လိုက်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာ မုဒိန်းပြုကျင့်ဖို့ ကြိုးစားတဲ့ အမှုနဲ့ ပထမဆုံး စွဲချက်တင်ခံရပြီး ဖမ်းဆီးခံရတဲ့ အမျိုးသမီး ဖြစ်လာပါတယ်။

မိသားစုနာမည် ဂျီအွန်ဆိုတဲ့ ၄၅ နှစ် ယောက်ျားနဲ့ ကွာရှင်းထားတဲ့ အမျိုးသမီးကို မတ်လက စွဲချက်တင်ခဲ့တာလို့ တောင်ကိုရီးယား ဗဟိုတရားရုံးရဲ့ အတည်ပြုချက်ကို ကိုးကားပြီး စထရိတ်တိုင်းမ် သတင်းက ရေးပါတယ်။ ဒါအပြင် အမျိုးသားကို လက်နက်တခုနဲ့ တိုက်ခိုက်တဲ့ စွဲချက်ကိုလည်း ရင်ဆိုင်နေရပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက ကလပ်တခုမှာ သူတို့ ၂ တွေ့ဆုံခဲ့ပြီး ချိန်းတွေ့ခဲ့ကြတာ ဖြစ်သလို အိမ်ထောင်ရှင် ကလေးအဖေ အမျိုးသားက အရင်နှစ် ဇူလိုင်လက ဆက်ဆံရေးကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးအကြိမ်အနေနဲ့ ဂျီအွန်အိမ်မှာ တွေ့ဖို့ သဘောတူညီခဲ့တယ်လို့ဆိုပါတယ်။

အိမ်ကို ရောက်သွားတဲ့အချိန်မှာ ဂျီအွန်က အမျိုးသားကို အိပ်ဆေးထည့်ထားတဲ့ လက်ဖက်ရည်တခွက်ကို တိုက်ခဲ့တယ်လို့ သတင်းမှာ ရေးပါတယ်။

ဒီနောက်မှာတော့ အမျိုးသားကို ကြိုးနဲ့ တုပ်ပြီး လိင်ဆက်ဆံဖို့ ကြိုးစားရာမှာ အမျိုးသားက နိုးလာတယ်လို့ ဆိုပါတယ်။

ဒီနောက် အမျိုးသားကထွက်ပြေးဖို့ ကြိုးစားရာမှာ ဂျီအွန်က တူနဲ့ထုခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မုဒိန်းကျင့်တယ်ဆိုတာ ပြစ်မှု ထင်ရှားခဲ့မယ်ဆိုရင် ဂျီအွန်က အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကျခံရမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ တောင်ကိုရီးယားမှာ အမျိုးသမီးမဟုတ်တဲ့သူတွေကို မတော်မတရားပြုကျင့်တာကို ကာကွယ်ဖို့ ဥပဒေကို ပြောင်းလဲရေးဆွဲခဲ့တယ်လို့ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment