ဖိလစ်ပိုင်ထဲ Maysak မုန်တိုင်း ၇၂ နာရီအတွင်း ဝင်မယ်


Maysak ဆူပါမုန်တိုင်း သွားရာလမ်း (Credit: ABC licensed) 
ဖိလစ်ပိုင် ​နိုင်ငံ ​အလယ်ပိုင်းကို ​Maysak ​လို့ခေါ်တဲ့ ​ဆူပါ ​မုန်တိုင်း ​ဝင်ရောက်ဖို့ရှိတဲ့အတွက် ​အစားအသောက်နဲ့ ​ဆေးဝါးတွေမှာ ​အသင့်ဖြစ်ဖို့ ​စစ်သားတွေက ​ပြင်ဆင်နေကြပါတယ်။

Maysak ​မုန်တိုင်းဟာ ​ပြီးခဲ့တဲ့ ​ရက်ပိုင်းကပဲ ​Micronesia ​ဖယ်ဒရယ်နိုင်ငံကို ​ဝင်ရောက်ခဲ့ရာက ​အနည်းဆုံး ​လူ ​၅ ​ယောက် ​သေဆုံးပြီး ​စိုက်ပျိုးခင်း ​များစွာ ​ပျက်စီးခဲ့ရပါတယ်။

အခုလောလောဆယ် ​အမြင့်ဆုံး ​အဆင့်ဖြစ်တဲ့ ​မုန်တိုင်း ​အဆင့် ​၅ ​မှာ ​ရှိနေပြီး ​တစ်နာရီကို ​ပြင်းအား ​၂၅၀ ​ကီလိုမီတာနှုန်း ​ရှိပါတယ်။

ဒါပေမဲ့လည်း ​ဒီလာမယ့် ​စနေ ​ဒါမှမဟုတ် ​တနင်္ဂနွေနေ့မှာ ​ဖိလစ်ပိုင်နိုင်ငံထဲ ​ဝင်ရောက်တဲ့အခါ ​မုန်တိုင်း ​အားပျော့လာဖို့ ​ရှိတယ်လို့ ​ခန့်မှန်းကြပါတယ်။

အားပျော့လာပေမယ့်လည်း ​မုန်တိုင်းအဆင့်မှာ ​ရှိနေသေးတာကြောင့် ​မိုးသည်းလေပြင်း ​မှုတွေ ​ဖြစ်ပေါ်မယ်လို့ ​ဆိုပါတယ်။

ဗြိတိန်အခြေစိုက် ​မိုးလေဝသဌာနကတော့ ​ဖိလစ်ပိုင်ကုန်းပိုင်းကို ​ရောက်တဲ့အခါ ​မုန်တိုင်း ​အဆင့် ​၂ ​လောက် ​ကျန်နိုင်သေးတယ်လို့ ​ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ​စပါးခင်းနဲ့ ​ပြောင်းခင်းတွေ ​ပျက်စီးဖို့ ​ရှိနိုင်ပေမယ့်လည်း ​အခုအချိန်ဟာ ​ရိတ်သိမ်းပြီးချိန်ဖြစ်တဲ့အတွက် ​အများကြီး ​ပျက်စီးမှု ​ဖြစ်ဖို့ ​မရှိဘူးလို့လည်း ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment