အင်းလျားကန်ထဲထိ တိုးချဲ့တည်ဆောက်နေသော အဆောက်အအုံများအား ကွင်းဆင်းစိစစ်မည်


အင်းလျားကန်ရေပြင်အထိတိုးချဲ့ကာ အဆောက်အအုံများ တည်ဆောက် နေခြင်းနှင့်ပတ်သက်၍ ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိနေသောကြောင့် ယင်းကို ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆင့်မြင့် အရာထမ်းတဦးက News Watch ကို ပြောသည်။

ဓာတ်ပုံများတွင်အင်းလျားရေပြင်ထဲ မျောတိုင်များ၊ ၀ါးကပ်များ၊ သဲအိတ်များသုံးကာ မြေဖို့ခြင်း။ ယခင်ခြံစည်းရိုးမှ အရှေ့ပေ ၃၀ ခန့်၊ အနောက်ဘက်တွင် ရေပြင်ကို တိုးချဲ့ ခြင်း၊ သစ်ပင်ကြီးများကို ခုတ်ထွင်ခြင်း၊ ခိုင်လီစားသောက်ဆိုင်၏ မီးဖိုခန်းနောက်တွင် အင်းလျားရေပြင်အား ကျောက်စီတမံများပြုလုပ်၍ မြေဖို့ရန်ပြု လုပ်ထားခြင်းဟူသော စာများနှင့်အတူ ဓာတ်ပုံများကို ဖော်ပြထားခြင်းဖြစ်သည်။

''ပါမစ်တွေဘာတွေ တင်လာရင် စိစစ်ခွင့်ပြုပေးတာပဲရှိတယ်။ ဌာနအနေနဲ့ အဲလိုစိစစ်ခွင့်ပြုတဲ့နေရာမှာ ပန်းဥယျာဉ်ရဲ့ သဘောထားမှတ်ချက်နဲ့ ပန်းခြံတွေထဲ ကကိစ္စတွေ အားလုံးပေါ့လေ။ ပန်းဥယျာဉ် ရဲ့ သဘောထားမှတ်ချက်ကို တောင်းပြီးမှ ဆောင်ရွက်တယ်။ ပန်းခြံထဲမှာ အဆောက် အအုံဆောက်တာ မဆောက်တာ ဘာညာ အနီးကပ် ကြီးကြပ်တာ ပန်းဥယျာဉ်ရဲ့ တာဝန်၊ ဒါပေမဲ့ ပန်းဥယျာဉ်ကနေ ထောက်ခံပြီးတော့ ဒီဟာတွေတင်ပြလာတယ်။ ပြင်ဆင်ခွင့်တင်ပြလာတယ်။ ဒါကို လုပ်ထုံးလုပ်နည်းနဲ့အညီ ကူညီဆောင်ရွက်ပါရန် ဆိုတာမျိုး စာတွေလာရင် စိစစ်ထောက်ခံပေးတယ်။ အဲလိုမလာရင်တော့ မစစ်ဘူး။ အဲလိုတွေ ဘာတွေဖြစ်နေရင်တော့ ဓာတ်ပုံနဲ့ဆိုရင်တော့ သွားဆင်းစစ်ဆေးရမှာပေါ့''ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ အရာထမ်းတဦး က News Watch ကို ပြောသည်။

News Watch မှ မြေဖို့ရန်စီစဉ်ထားသည်ဆိုသော အဆိုပါစားသောက်ဆိုင်ကို သွားရောက်မေးမြန်း ခဲ့သော်လည်း သတင်းထုတ်ပြန်နိုင်ရန် စနစ်တကျ မေးမြန်းခွင့် မရခဲ့ပေ။

အင်းလျားကန်သည် ရန်ကုန်မြို့တော်တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏အကြီးဆုံးရေကန်တခုဖြစ်ကာ အထင်ကရ အပန်းဖြေနေရာတခုလည်းဖြစ်ကာ မြောက်ဘက်တွင် ပါရမီလမ်းမကြီး၊ အနောက်ဘက်တွင် ပြည်လမ်းမကြီး၊ အနောက်တောင်ဘက်တွင် အင်လျားလမ်းမကြီး၊ အရှေ့ဘက်တွင် ကမ္ဘာအေးဘုရားလမ်း၊ တောင်ဘက်တွင် ရန်ကုန်တက္ကသိုလ်ကိုသွားသော တက္ကသိုလ်ရိပ်သာလမ်းတို့က ၀န်းရံလျက် ရှိကြသည်။

လွန်ခဲ့သော ၁၈၈၂ ခုနှစ်နှင့် ၁၈၈၃ ခုနှစ်တွင် ရန်ကုန်မြို့ရေပေးဝေရေးအတွက် ဗြိတိသျှတို့ကဖန်တီးခဲ့ကာ ရေ ဖြန့်ဖြူးရေးအတွက် ယင်းကန်မှတဆင့် ကန်တော်ကြီးရေကန်ကို ရေပိုက်များဖြင့် ဆက်သွယ်ထားရှိခဲ့သည်။ ယင်းအပြင် ရုပ်ရှင်ရိုက်ကူးရေး၊ နိုင်ငံခြားသားဧည့်သည်များ ရေကူးခြင်း၊ ရွက်လှေစီးခြင်းစသော အားကစားလုပ်ဆောင်ရာနေရာတခုဖြစ်ပြီး ရန်ကုန်ရွက်လှေအသင်း တည်ရှိရာနေရာတခုလည်း ဖြစ်သည်။

မေငယ်
(Photo - Credit to the original uploader.)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment