လေဆိပ်မှာ ရတဲ့ မြန်မာဝတ်စုံ နဲ့မြန်မာ ပရိသတ်တွေ ရဲ့ ချစ်ခင်မှုကို ယူနိုင်ခဲ့တဲ့ ကိုရီးယား အဆိုတော်မလေး Ailee


K.Pop ရှိုးပွဲကြီးမှာ အသံ အားကောင်းကောင်းနဲ့ ဖျော်ဖြေ တင်ဆက်ခဲ့တဲ့ အဆိုတော်မလေး Ailee  ကို မြန်မာ ပရိသတ်တွေ အနေနဲ့များစွာ ချစ်ခင် အားပေးခဲ့ကြပါတယ်။ Ailee  အနေနဲ့ သူ့ရဲ့ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်မှာ အမှတ်တရတွေ ရှိခဲ့ပြီး မြန်မာ ဝတ်စုံ ဝတ်ဆင် ရတာကိုလည်း များစွာ နှစ်သက်ကြောင်း သူမက ဆိုပါတယ်။ ”ကိုရီးယားနိုင်ငံ မှာ တစ်ခါမှ မတွေ့ဖူးတဲ့ဝတ်စုံကို ဝတ်ဆင်ရတယ်။ လေဆိပ်ကို ရောက်တဲ့ အချိန်မှာ ကလေးတစ်ယောက် ကနေ ပြီးတော့ ဒီအင်္ကျီကို လက်ဆောင်ပေး တယ်။ လက်ဆောင်ပေးတဲ့ အင်္ကျီက တအား လှလွန်းတဲ့ အတွက် မိတ်ဆက်ပွဲမှာ ဝတ်လာခဲ့ခြင်း ဖြစ်ပါတယ်။ လက်ဆောင်ပေးတဲ့ စာထဲမှာ ဘယ်သူဘယ်ဝါ ကပေးတယ် ဆိုတာကို မရေးထားတဲ့ အတွက်ကြောင့် နှုတ်ဆက် စကားမပြောနိုင်တာကို နှမြောတသ ဖြစ်မိပါတယ်”လို့ Ailee  က ကျေးဇူးတင် စကားက K.Pop ရှိုးမတိုင်မီ မိတ်ဆက် ပွဲ မှာ ပြောကြား ခဲ့ပါတယ်။
 မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် ဖျော်ဖြေရေး ခရီးစဉ် အဖြစ် ရောက်ရှိခဲ့တဲ့ Ailee  က ရန်ကုန်မြို့ အပေါ် သူ့ ရဲ့ အမြင်က သစ်ပင်တွေ များစွာ နဲ့ ပန်းချီကား တစ်ချပ် သဖွယ် ကြည့်ရှု ခံစားမိကြောင်းလည်း ပြောပါတယ်။ ပျက်မလိုဖြစ်ခဲ့ ပေမယ့် မြန်မာ- ကိုရီးယား နှစ်နိုင်ငံ အကြား ခိုင်မာတည်တံ့တဲ့ သံတမန် ဆက်ဆံရေး နှစ် ၄ဝပြည့် အထိမ်း အမှတ် ပွဲ ကို အောင်မြင်စွာ ဖြစ်မြောက်လာခဲ့ တဲ့အပေါ်ကိုလည်း Aileeက ”မကောင်းတာတွေ ကို အောင်အောင် မြင်မြင်နဲ့ ကျော်လွှားနိုင်ခဲ့တဲ့ အတွက် တကယ့် ကို ကောင်း မွန် စွာနဲ့ ဖျော်ဖြေ နိုင်ခဲ့တာ ဖြစ်ပါတယ်”လို့ ပြောပါ တယ်။
 နောက်ထပ် အခွင့်အခါ သင့်ရင် Ailee က မြန်မာနိုင်ငံ မှာ ထပ်မံလာရောက် ဖျော်ဖြေချင်သေးကြောင်းလည်း ပြောကြား သွားပါတယ်။ Ailee ရဲ့နာမည်ရင်း မှာ Amy Lee ဖြစ်ပြီး အရင်က အမေရိကန် အဆိုတော် တစ်ဦး ဖြစ်ပါတယ်။ တောင်ကိုရီးယား အနုပညာလောကကို YMC Entertainment နဲ့ စာချုပ်ချုပ် ဆိုပြီး ၂ဝ၁၂ ခု နှစ်မှာ တစ်ကိုယ် တော် အခွေ Heaven  ကို ထွက်ရှိ ခဲ့ခြင်းဖြစ်ပါတယ်။ K.Pop လောကကို မဝင်ရောက်မီ Ailee က New York မြို့ရှိ Muzo Entertainment  နဲ့ စာချုပ်ချုပ် ဆိုခဲ့ဖူးပါတယ်။
မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment