![]() |
| ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ရင် NLD က ရွေးကောက်ပွဲကို သပိတ် မှောက်မမှောက် ဆိုတာကိုတော့ မသိရသေးပါဘူး။ (Credit: Reuters) |
ပုဒ်မ ၄၃၆ ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ဖို့ အဓိက ကျတဲ့ အချက် ဖြစ်တဲ့အတွက် အဲဒီ ပုဒ်မကို ပြင်ဆင်ဖို့ NLD ပါတီက ကြိုးစားနေတာ ဖြစ်ပါတယ်။
ပုဒ်မ ၄၃၆ အရ လွှတ်တော်အမတ် ၇၅% နှုန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ထောက်ခံမှသာ ပြင်ဆင်နိုင်မယ်လို့ ပါရှိပါတယ်။ အခုလောလောဆယ် ဥပဒေကြမ်းမှာတော့ ၇၀% ကို လျှော့ချဖို့ ပြင်ဆင်နေပါတယ်။
အခုလောလောဆယ်တော့ လွှတ်တော်မှာ စစ်တပ်က အလိုအလျှောက် ၂၅% အမတ်နေရာ ရထားတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဒီအချိန်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမယ့် အချိန်မဟုတ်သေးဘူး ဆိုတဲ့ သဘောတဲ့ ဂျပန် သတင်းဌာနတစ်ခုကို ပြောသွားတာ ရှိပါတယ်။
၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ စ ကို ဒီကနေ့ လွှတ်တော်မှာ စတင်ဆွေးနွေးပြီး ကြာသပတေးနေ့အထိ ဆွေးနွေးကြဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးချက်ဟာ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှု ဖြစ်လာနိုင်တဲ့ နောက်ဆုံးသော အခွင့်အရေး တစ်ခုလို ဖြစ်နေပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese

0 comments:
Post a Comment