မားစ်ရောဂါကူးစက်မှုအဓိကအားဖြင့် ဆေးရုံများတွင် ဖြစ်ပွား တောင်ကိုရီးယားဆေးရုံနှစ်ခု ရပ်ဆိုင်းထားရ



အသက်အန်္တရာယ်ဖြစ်စေနိုင်သော မားစ်ရောဂါစွဲကပ်သူ နောက်ထပ်လေးဦးတွေ့ ရှိခဲ့ရပြီးနောက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အဓိက ဆေးရုံကြီးနှစ်ခုကို ၀န်ဆောင်မှုများ ရပ်ဆိုင်းထားရသည်။

လူနာအသစ်နှစ်ဦးမှာ ဆေးရုံတရုံတည်းမှ ဖြစ်ပြီး အခြားလူနာများမှာ ဗိုင်းရပ်ပိုးကူး စက်ခံရနေသည်ဟု ဆိုသည်။ အခြား လူနာတဦးမှာ ရောဂါစတင်ဖြစ်ပွားရာ နေရာဖြစ်သည့် ဆိုးလ်မြို့ရှိ ဆမ်ဆောင်း ဆေးဖက်ဆိုင်ရာစင်တာမှ သူနာပြုတဦး ဖြစ်ပြီး အခြားတဦးမှာ လူနာတဦး၏ ဆွေ မျိုးသားချင်းတဦးဖြစ်ပြီး အမျိုးအမည် မသိရသေးသော ရောဂါဖြင့် ဆိုလ်းမြို့ တောင်ဘက်ရှိ ပြောင်တိပ်ဆေးရုံသို့ တင်ခဲ့ရကြောင်း ကျန်းမာရေးဌာနက ပြောသည်။

ယနေ့အထိ အတည်ပြုထားသော ရောဂါကူးစက်ခံရသူ ၁၇၉ ဦးတွင် ငါးဦးမှာ ဆေးရုံပြင်ပတွင် မည်ကဲ့သို့ ရောဂါကူးစက် လာခဲ့သည်ကို မသိရသေးပေ။ မားစ်ရောဂါ ကူးစက်မှုကြောင့် တောင်ကိုရီးယားတွင် လူပေါင်း ၂၇ ဦး သေဆုံးခဲ့ရပြီး လူ ၃၁၀၀ ကို အစိုးရသတ်မှတ်ထားသော နေရာများ နှင့် ၎င်းင်းတို့ နေအိမ်များတွင် သီးခြားခွဲထား ၍ နေခိုင်းထားရသည်။

လူနာ၊ ဆေးရုံဝန်ထမ်း၊ ဧည့်သည် ပေါင်း ၉၀ ခန့် ရောဂါ ကူးစက်မှုခံနေရ သော ဆမ်ဆောင်းဆေးရုံကြီးကို ရောဂါ မပြန့်ပွားစေရန် ဇွန်လ ၁၄ ရက်နေ့မှစ၍ ၀န်ဆောင်မှုများ ရပ်ဆိုင်းထားရသည်။

ရောဂါကူးစက်သူ အရေအတွက် တိုးလာ၍ အာဏာပိုင်များက အကန့်အသတ်မရှိ ဆေးရုံကိုပိတ်ထားခိုင်းသည်။
ဆမ်ဆောင်းဆေးရုံမှ စတင်၍ ရောဂါကူးစက်လာခဲ့မှုကြောင့် အဆိုပါ ဆေးရုံကို ပိုင်ဆိုင်သော ဆမ်ဆောင်းစီးပွား ရေးလုပ်ငန်းအုပ်စု၏ အမွေဆက်ခံသ Jay Y.Lee က လူသိရှင်ကြားဝန်ချ တောင်းပန်စကားပြောခဲ့သည်။

ထို့အတူ မားစ်ရောဂါ လူနာသစ်လေးဦးကို တွေ့ရှိပြီး နောက် အခြားတောင်ကိုရီးယားအဓိက ဆေးရုံတခုဖြစ်သည့် ကွန်ကွပ်တက်္ကသိုလ် ဆေးရုံကြီးတွင် လူနာအသစ်များကို လက်ခံခြင်းမပြုတော့ဟု သိရသည်။

ယခု အထိ မားစ်ရောဂါကူးစက်မှု အားလုံးနီးပါး ခန့်သည် ဆေးရုံများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ကမ်္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။

ဗုဒ္ဓဟူးနေ့အထိ ရောဂါကူးစက်ခံ ရသူ ၁၆ ဦးမှာ စိုးရိမ်ရသော အခြေအနေရှိ ပြီး၆၇ဦးကိုမူ ရောဂါသက်သာလာ၍ ဆေးရုံမှဆင်းခွင့်ပေးခဲ့ကြောင်း၊ တောင်ကို ရီးယားကျန်းမာရေးဝန်ကြီးဌာနက ပြော သည်။ တောင်ကိုရီးယားတွင် မားစ်ရောဂါ ဖြစ်ပွားခဲ့မှုမှာ မေလ ၂၀ ရက် စတင်ခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီအာရေဗီးယားသို့သွား ရောက်လည်ပတ်ပြီး ပြန်လာခဲ့သော အသက် ၆၈ နှစ်အရွယ်လူတဦးတွင် ၎င်းင်း မားစ်ဗိုင်းရပ်စတင်တွေ့ရှိပြီးနောက် လျင် မြန်စွာ ပြန့်ပွားကူးစက်လာခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းရောဂါလက်္ခဏာ မားစ်ရောဂါပြန့်နှံ့ကူးစက်မှုကြောင့် ကမ္ဘာ တွင်စတုတ်္ထစီးပွားရေးအင်အားကြီးနိုင်ငံဖြစ် သော တောင်ကိုရီးယား၌ ကမ်္ဘာလှည့်ခရီး သွားလုပ်ငန်းမှ လက်လီအရောင်းအ၀ယ် လုပ်ငန်းအထိ စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် ထိခိုက်လျက်ရှိသည်။

လူများမှာလည်း လူစည်ကားရာ အရပ်များ ကို ရှောင်ရှားနေကြပြီး ဆိုးလ်မြို့သို့ လာ ရောက်ရန် စီစဉ်ထားသည့် နိုင်ငံခြားခရီး သွား ၁၂၀,၀၀၀ ကျော်မှာလည်း ခရီးစဉ် ဖျက်သိမ်းခဲ့ကြသည်။

ရောဂါကူးစက်မှုကြောင့် စီးပွားရေး အရ ထိခိုက်မှုများ တွန်းလှန်ရန် တောင် ကိုရီးယား ဗဟိုဘဏ်က ၎င်းင်း၏အဓိက အတိုးနှုန်းများကို ယခုလအတွင်း လျှော့ချ ခဲ့သည်။ မားစ်ရောဂါကို ကုသပေးနိုင်သော ဆေးမပေါ်သေးပေ။

၂၀၁၂ ခုနှစ်က ဆော်ဒီအာရေဗီးယားတွင် စတင်ဖြစ်ပွားပြီး ကတည်းက နိုင်ငံပေါင်း ၂၆ နိုင်ငံသို့ ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာခဲ့သည်။

ထွဋ်ဝင်းထွဋ်
Ref; AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment