တရက်ကြာ ချောင်းအတွင်း မျှောပါပြီးနောက် အလောင်းနှင့် နာရေးယာဉ် တစ်စီး ပြန်လည် ဆယ်ယူနိုင်



ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ၀မ်းဘဲအင်းကျေးရွာတွင် (၂၄.၆.၂၀၁၅)နေ့ နံနက်(၃း၀၀)အချိန်က ဘုရားကလေး နာရေးကူညီမှု အသင်း နာရေးယာဉ်(၁) စီးမှာ တောင်ကျရေ စီးဆင်းမှုကြောင့် ကမ်းပါးပြိုကျ၍ ၀မ်းဘဲအင်း ချောင်းအတွင်း မျောပါမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ဘုရားကလေးနာရေးကူညီမှု အသင်းမှ HSE/339 ဟိုင်းလတ်အဖြူရောင် နာရေးယာဉ်သည် ဘုရားကြီးမြို့၊အမှတ်(၃)ရပ်ကွက်၊ ၀မ်းဘဲအင်းကျေးရွာ နေ ကိုသံချောင်း(၅၇)နှစ်၊ဗမာ/ဗုဒ္ဓ၊၏ နာရေးအိမ်တွင် အလောင်းအား တင်ဆောင်၍ ၀မ်းဘဲအင်းကျေးရွာလယ်ပိုင်း ၀မ်းဘဲအင်းချောင်း ကမ်းပါးဘေးတွင် ရပ်ထားစဉ် မိုးသည်းထန်စွာရွာသွန်းသဖြင့် တောင်ကျရေ စီးဆင်းမှုကြောင့် ကမ်းပါးဘေးတွင်ရပ်ထားသည့် နာရေးယာဉ်မှာ ကမ်းပါးပြိုကျကာ ၀မ်းဘဲအင်း ချောင်းအတွင်းသို့ နာရေးအလောင်းနှင့်အတူ မျှောပါသွားခဲ့ခြင်း ဖြစ်သည်။

 ယနေ့(၂၅.၆.၂၀၁၅)နေ့ နံနက်(၉း၀၀)အချိန်တွင် တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများတို့မှ အလောင်းနှင့်နာရေးကားတို့အား ၀မ်းဘဲအင်းချောင်းအတွင်းကနေ ဆယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ကိုသံချောင်း၏ အလောင်းအား ၀မ်းဘဲအင်းကျေးရွာ သုဿာန်တွင် ကောင်းမွန်းစွာ သဂြိ င်္ုလ် ပြီးစီးခဲ့ကြောင်းသတင်းရရှိသည်။

သတင်း-ဓါတ်ပုံ
Thant Zin (facebook)
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment