သိပ္ပံပညာရှင် ၆ ဦး မီးတောင်ဟောင်းကြီးထဲ၌ အင်္ဂါဂြိုဟ်ကဲ့သို့ စမ်းသပ်နေထိုင် ခဲ့ရာမှ ပြင်ပကမ္ဘာ သို့ အောင်မြင်စွာ ထွက်ရှိလာ


ဝါရှင်တန် ၊ ၁၈-၆-၂၀၁၅

အင်္ဂါဂြိုဟ်တွင် တွေ့ကြုံ နေထိုင် ရသည့် အခြေအနေ များနှင့် ကျွမ်းဝင်စေရန် အတွက် အထူး ပြုလုပ်ထားသော လိပ်ခုံးသဏ္ဌာန် သံထည် အဆောက်အအုံ အတွင်း သိပံ္ပပညာရှင် ခြောက်ဦးကို ထည့်သွင်း၍ ဟာဝိုင်ယီ ကျွန်းရှိ Mauna Loa မီးတောင် ဟောင်းကြီး ထိပ်ဝတွင် ချထားခဲ့သည်။ မီးတောင်ဟောင်း ကြီးသည် ပေပေါင်း ၈ဝဝဝ ကျော် (၂၄ဝဝမီတာ) အမြင့်ရှိသည်။ အဆိုပါ မီးတောင်ဟောင်းကြီး ထိပ်ဝရှိ အဆောက်အအုံ အတွင်း သိပံ္ပပညာရှင် ခြောက်ဦး တို့သည် ရှစ်လခန့် အတူနေထိုင် ခဲ့ကြပြီး စနေနေ့ က ပြင်ပကမ္ဘာသို့ အောင်မြင်စွာဖြင့် ပြန်ထွက် လာခဲ့ကြခြင်း ဖြစ်သည်။

၎င်း အဆောက်အအုံ အတွင်း နေထိုင်စဉ် အင်္ဂါဂြိုဟ်တွင် နေထိုင်ကြရမည့် အတွေ့အကြုံ ရယူရေး အတွက် အာကာသ ဝတ်စုံများကိုသာ ဝတ်ဆင် နေထိုင်ခဲ့ ကြသည်။ အမေရိကန် အစိုးရ၏ နာဆာ (NASA)အဖွဲ့ကြီးက သိပံ္ပပညာရှင် ခြောက်ဦးဖြစ်ပြီး အဆောက်အအုံတွင် နေထိုင်စဉ် ၄င်းတို့၏ အစစ အရာရာ လှုပ်ရှားမှုများကို အဆောက်အအုံတွင် တပ်ဆင်ထားသော ကင်မရာများမှ တစ်ဆင့် ပြင်ပကမ္ဘာရှိ နာဆာ အရာရှိများက ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ရှစ်လတာ နေထိုင်စဉ် ကာလအတွင်း အဆောက်အအုံကြီး တစ်ခုလုံးကို ပြင်ပကမ္ဘာနှင့် အဆက်အစပ်မရှိ စေရန် ပိတ်ထားသည်။ လက်တွေ့ အင်္ဂါဂြိုဟ်ကြီး ပေါ်တွင် နေထိုင်ကြပြီး အခြေအနေများ အတိုင်း စမ်းသပ်ခဲ့ ကြသည်။

ပြတင်းပေါက်များ တပ်ဆင်ထား သော်လည်း မီးတောင်ဟောင်း ကြီး၏ အတွင်း ရောက်နေ၍ ကြည့်လိုက်သည့် နေရာတိုင်း ချော်ကျောက်သား များကိုသာ မြင်တွေ့ခဲ့ကြ ကြောင်း ဟာဝိုင်ယီ တက္ကသိုလ်မှ ပါမောက္ခ ကင်းဘင်စတက်ဒ် က ပြောပြသည်။

၎င်းတို့သည် မိမိကိုယ်ကို ထိန်းသိမ်းနိုင်သူ များဖြစ်ကြရာ ကြီးကျယ်သော ပြဿနာ တစ်စုံတစ်ရာ ကိုမျှ ရှစ်လတာ နေထိုင်စဉ် အတွင်း မဖြစ်ပွား ခဲ့ကြကြောင်း၊ ကိုယ်စိတ် တည်ငြိမ်စေရန် ယောဂ ကျင့်စဉ်များ၊ အားကစား လေ့ကျင့်မှုများ ပြုခဲ့ကြောင်း သိရသည်။ စတုရန်းပေ ၁ဝဝဝ ခန့် ကျယ်ဝန်းပြီး အချင်း ၃၆ ပေရှိသော ၄င်းလိပ်ခုံး သံထည် အဆောက်အအုံ ကြီးသည် အထပ် နှစ်ထပ်ဖြင့် ဖွဲ့စည်း တည်ဆောက် ပေးထားပြီး လျှပ်စစ် ဓာတ်အားကို ဆိုလာပြား များမှတစ်ဆင့် ထုတ်ယူ အသုံးပြု ခဲ့သည်။

သိပံ္ပပညာရှင် ခြောက်ဦးသည် ပြင်ပကမ္ဘာသို့ ရောက်ရှိလျှင် ချက်ချင်းဆိုသလို ၄င်းတို့ စားသောက် လိုသော အစားအစာများကို အားပါးတရ စားသောက်ခဲ့ ကြသည်။ ''ရှစ်လတာ စမ်းသပ်မှုအတွင်း မှာ ရေကို လုံးဝမသုံးရလို့ အခု ပြင်ပကမ္ဘာ ရောက်လာ ချိန်မှာ ရေကိုကြာကြာ သုံးစွဲ ရတာ၊ နေရောင် အောက်မှာ နေရတာက အံ့သြစရာ ဖြစ်နေပါတယ်။ ဝိညာဉ် တစ်ကောင်လို ခံစား နေရပါတယ်''ဟု သိပံ္ပပညာရှင် တစ်ဦးဖြစ်သော ဂျိုလင်ဒန် က ပြောပြသည်။

Yadanarpondaily
http://myawady-myawady.blogspot.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment