လူသတ်ရန် ကြိုးပမ်းမှုဖြင့် မြန်မာ ၃ ဦး အဖမ်းခံထားရပြီး တစ်ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်ဟု စင်ကာပူရဲတပ်ဖွဲ့ ပြောကြား


စင်္ကာပူနိုင်ငံတွင် လွှဖြတ်စက်၊ အသားကြိတ်စက်၊ သားခုတ်ဓားများ၊ စဥ့်တီတုံးများ သိမ်းဆည်းရမိခြင်း နှင့်အတူ တစ်နိုင်ငံတည်းသားဖြစ်သူ တစ်ဦးကို သတ်ဖြတ်ရန် ကြံစည်မှုဖြင့် မြန်မာ အမျိုးသား ၃ ဦးအား ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီး စွဲချက်တင်လိုက်ကြောင်း စင်ကာပူ အေးရှားဝမ်း သတင်းစာက ယနေ့ ဖော်ပြခဲ့သည်။

စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိသူ အေးမောင်မောင်သက် (၂၈နှစ်) အား သတ်ဖြတ်ရန် ကြံစည်မှုဖြင့် မြန်မာနိုင်ငံသားများဖြစ်ကြသည့် ရဲဝင့်အုန်း (၃၂နှစ်)၊ ဖြိုးမင်းနိုင် (၃၁နှစ်)၊ စင်္ကာပူတွင် အမြဲတမ်း နေထိုင်ခွင့် ရထားသူ ဇော်မင်းလှိုင် (၃၇နှစ်) တို့ကို ခရိုင်တရားရုံးတွင် တရားစွဲ ဆိုလိုက်ခြင်း ဖြစ်သည်။


စတုတ္ထမြောက် သံသယရှိသူ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသား ၀င်းကျော်ကျော်အောင်မှာ တနင်္လာနေ့ နံနက်တွင် စင်္ကာပူနိုင်ငံမှ ထွက်ခွာ လွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လက်ရှိ ဖမ်းမိထားသည့် မြန်မာ အမျိုးသား ၃ ဦးကို ဤကျူးလွန် မှုကြောင့် ထောင်ဒဏ် ၁၄ နှစ်နှင့် ငွေဒဏ်ပြစ်ဒဏ်ချမှတ် ခံရနိုင်ကြောင်း သိရှိရသည်။

တနင်္ဂနွေ ညနေခင်းအချိန် မြို့စွန်ကားရပ်နားရာ နေရာတစ်ခုတွင် အဆိုပါ အမျိုးသား ၄ ဦးတို့က အေးမောင်မောင်သက်အား တစ်နေရာသို့ အတင်း အဓမ္မခေါ်ဆောင်ရန် ကြိုးစားခဲ့ကြရာတွင် ၎င်းတို့ထဲမှ နှစ်ဦးက သူ့အား လှုပ်ရှားမှု ရပ်တန့်စေနိုင် သည့် လျှပ်စစ်ကျင်စက်ဖြင့် တိုက်ခိုက် ခဲ့ကြောင်း တရားရုံးမှတ်တမ်းများက ဆိုထားပါသည်။

သို့သော် အေးမောင်မောင်သက်က အော်ဟစ် အကူအညီတောင်း သံကြောင့် ဖြတ်သွား ဖြတ်လာသူများ သတိပြုမိသောအခါ တွင် ထိုသူ လေးယောက် ထွက်ပြေးသွားကြသည်။

အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် ထိုသူတို့အား ဖမ်းဆီး လိုက်ခြင်းဖြစ် သည်။ ၎င်းတို့ထဲမှ နှစ်ဦးမှာ စင်္ကာပူအရှေ့ပိုင်း ပင်လယ်ကမ်းခြေ ရှိ ငှားရမ်းထားသော သစ်သားအိမ်ငယ်တစ်ခုတွင် အဖမ်းဆီး
ခံလိုက် ရခြင်းဖြစ်သည်။

“အသားကြိတ်စက်၊ လွှဖြတ်စက်၊ မီးဖိုချောင်သုံးဓားတွေ၊ ဂက်စ် မီးဖို၊ ဂက်စ်ဗူး၊ ကိရိယာ အစုံလိုက် တစ်စုံ၊ ဘီးတပ် ခရီးဆောင်အိတ်တွေ၊ ပလပ်စတစ်အပြားတွေ၊ ကေဘယ်ချည်ကြိုးတွေ၊ ဓားအကြီး၊ အပေါ်ဖုံးအ၀တ်တွေ၊ စဥ့်တီတုံးနှင့် ရာဘာ ဘွတ်ဖိနပ် စတာတွေကိုလည်း တွေ့ရှိရပြီး မှုခင်း
သက်သေခံတွေအဖြစ် သိမ်းဆည်းထားပါတယ်။” ဟု စင်ကာပူ ရဲတပ်ဖွဲ့က ဆိုသည်။

ယနေ့ ဗုဒ္ဓဟူးနေ့က တရားရုံးတွင် တရားစွဲဆိုမှုများကို ဗမာဘာသာဖြင့် စကားပြန်က ပြန်ဆိုပေးနေချိန်တွင် လက်ထိပ်ခတ်ထား သည့် အရပ်ဝတ်နှင့် လူ ၃ ဦးသည် ငြိုးငယ်စွာ ရှိနေကြသည်။

မည်သည့် လျှောက်လဲချက်မှ မရှိခဲ့ချေ။ စုံစမ်းစစ်ဆေးရေးများ ဆောင်ရွက်နိုင် ရန် အလို့ငှာ ၎င်းတို့ကို ရဲဘက် အချုပ်သို့ ရမန်တစ်ပတ် လွှဲပြောင်းထိန်းသိမ်းရန် အမိန့်ချမှတ်ခဲ့ပါသည်။

သို့သော် စင်္ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရက်စက်စွာ သတ်ဖြတ်ရန် ကြံစည်ရသည့် အကြောင်းရင်း ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။

နိုင်ငံခြားသား ၄၀ ရာခိုင်နှုန်းအပါအ၀င် လူဦးရေ ၅.၅ သန်းခန့်ရှိ လူဦးရေ သိပ်သည်းလှသည့် စင်္ကာပူနိုင်ငံတွင် လူမဆန်သည့် သတ်ဖြတ်မှုများက ဖြစ်တောင့်ဖြစ်ခဲဖြစ်ပါသည်။

PKT
Ref - AsiaONE
The Ladies News Journal
https://www.facebook.com/News.TheLadies

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment