မဘသအဖွဲ့ ရေဒီယိုထုတ်လွှင့်ဖို့ စီစဉ်


ထိုင်းနိုင်ငံက သံဃာတော်တွေရဲ့ အကူအညီနဲ့ မဘသ ခေါ် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကြီးက အသံလွှင့်ဌာန တစ်ခု ဖွင့်လှစ်ပြီး မြန်မာပြည်တစ်ပြည်လုံးကို သာသနာတော်ပြန့်ပွားရေး အသံလွှင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ သတင်းပတ်က နှစ်ရက်ကြာကျင်းပခဲ့တဲ့ မဘသညီလာခံမှာ ထိုင်းနိုင်ငံက သံဃာ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မဘသဗဟိုဥက္ကဌ ဆရာတော်နဲ့တကွ ဗဟိုဦးဆောင်ဆရာတော်တွေကို အခုလိုအကူအညီပေးဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

မဘသအဖွဲ့အနေနဲ့ အသံလွှင့်ဌာနတည်ထောင်တာဟာ အမုန်းတရား ထုတ်လွှင့်ဖို့မဟုတ်ဘဲ ဗုဒ္ဓသာသ နာတော် ပြန့်ပွားရေးအတွက်ဖြစ်တယ်လို့ မဘသ ဗဟိုဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

"ဘုန်းကြီးတို့က အမုန်းတရားပွားတဲ့ မူဝါဒမပါဘူးလေ၊ ဗုဒ္ဓဟောကြားထားတဲ့ ပိဋိကသုံးပုံ နိကာယ်ငါးရပ်သည် အမုန်းတရားကို မပေးပါဘူး၊ အပြုံးတရားကိုပေးခြင်းကြောင့် ယခုကဲ့သို့ အသံသွင်းလိုက်မယ်ဆိုလို့ရှိရင် မြန် မာနိုင်ငံတဝှမ်းလုံးမှာ ဗုဒ္ဓသာသနာတော်ရဲ့ ဘုရားရှင်ဟောကြားတဲ့ တရားတော်တွေကို ကြားနာရခြင်းကြောင့် သာသနာတော် နှစ်ငါးထောင်မက သေချာတည်တံ့ခိုင်မြဲမယ်လို့ ဘုန်းကြီးတို့က ယုံကြည်ပါတယ်"

အစီအစဉ်အရ ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးမှု လူထုဆက်သွယ်ရေးမီဒီယာမှ ရေဒီယိုထုတ်လွှင့်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၄သောင်းခွဲတန်ဖိုးရှိတဲ့ စက်ပစ္စည်းကိရိယာတွေ လှူဒါန်းမှာဖြစ်ပါတယ်။  ထိုင်းသံဃာတော်တွေ အနေနဲ့ မြန်မာနိုင်ငံက အမျိုးဘာသာ သာသနာစောင့်လျှောက်ရေး လုပ်ငန်းဆောင်ရွက်ချက်တွေကို ပံ့ပိုးလိုတဲ့ အတွက် အခုလိုကူညီတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ခုလို မြန်မာနိုင်ငံမှာ မဘသအဖွဲ့က အသံလွှင့်ထုတ်လွှင့်မယ့်အစီအစဉ်မှာ လူမျိုးရေးဘာသာရေး အမုန်းပွားစေတာတွေ ထုတ်လွှင့်မှာကို စိုးရိမ်မှုတွေရှိတယ်လို့ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေထံက စုံစမ်းသိရှိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment