ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်တပ်ကန့်ကွက်မှု ကန်အမတ်တွေ ရှုတ်ချ


အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်မဲခွဲဆုံးဖြတ်ပွဲတွင် မဲပေးရန် သွားနေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဇွန် ၂၅၊ ၂၀၁၅။
 မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖေါ်ဆောင်ရေးနဲ့ လူထုကြိုက်နှစ် သက်ရာခေါင်းဆောင် ရွေးချယ်ခွင့်ရရှိစေမဲ့ အဓိက အပြောင်းအလဲတွေကို စစ်တပ်က ဟန့်တားလိုက်တဲ့အတွက် အမေရိကန်အောက်လွှတ်တော်က ဒီမိုကရက်အမတ် Joe Crowley နဲ့ ရီပတ်ဘလစ်ကန်အမတ် Steve Chabot တို့က ရှုတ်ချလိုက်ကြပါတယ်။

လွှတ်တော်မှာမြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကြောင့် လာမဲ့ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမရှိနိုင်ဘူး၊ ဒါမှမဟုတ် ခိုင်လုံစိတ်ချရမှုမရှိနိုင်ဘူးဆိုတဲ့စိုးရိမ်မှုကို ပိုမိုခိုင်မာသွားစေပါတယ်။

စစ်အုပ်ချုပ်ရေးလက်အောက်မှာရေးဆွဲပြီး မဲအတုအယောင်နဲ့ အတည်ပြုခဲ့ တဲ့ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လိုအပ်တဲ့ပြင်ဆင်မှုတွေမလုပ်ရင် အဓိကအာဏာရပ်တွေ ပြည်သူ လူထုလက်ထဲမရောက်ဘဲ စစ်တပ်လက်ထဲ ကိုပဲ ရောက်ရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရအောင် လုပ်ထားတဲ့ နိုင့်ထက်စီးနင်း ဖွဲ့စည်းပုံပြဌာန်းချက်ကို အစိုးရက ဆက်လက် ဆုပ်ကိုင်ထားပါလိမ့်မယ်။

တိုင်းပြည်မှာ လူကြိုက်အများဆုံး နိုင်ငံရေးသမားဆိုတာ ပြောစရာမလိုတဲ့ အတိုက်အခံတယောက်ကို ဘေးဖယ်ထားခြင်းဟာ လာမယ့်ရွေးကောက်ပွဲကို အခြခံကစပြီး အားနည်းယုတ်ညံ့သွားစေပါတယ်။

ရပ်တန့်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုခြိမ်းခြောက်နေတယ်ဆိုတာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဇွန်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment