အစိုးရရဲ့အရန်ငွေ တကယ်ရှိတာ မှန်ခဲ့ရင် ဒါမျိုးတွေ မဖြစ်ပါဘူး


ဒေါက်တာမောင်မောင်လေး(မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ)

ငွေလဲလှယ်နှုန်းတွေက အတက်အကျ မမှန်တော့ စီးပွားရေးလုပ်ငန်းတွေအတွက် ထိခိုက်တာပေါ့။ ကုန်သွယ်မှုနဲ့ လက်လီ လက်ကားအရောင်းအဝယ် အခြေအနေ တွေ အပါအဝင်အကြီးစားရင်းနှီးမြှုပ်နှံမှု တွေမှာလဲ အခက်အခဲတွေ ကြုံတွေ့နေရ ပါတယ်။နောက်ပြီး ဒေါ်လာဈေးက ကမ္ဘာ မှာခိုင်မာနေတဲ့အတွက် မြန်မာ့ငွေဈေးက ကျသယောင်ယောင် ဖြစ်နေပါတယ်။နောက်တစ်ခုကကုန်သွယ်မှုမှာလဲထုတ်ကုန် တွေနည်းပြီး သွင်းကုန်တွေများနေတာရယ်၊ အခြေခံအဆောက်အအုံတွေလုပ်နေတာ တွေရယ်၊ ငွေကြေးကစားကြတာတွေရယ် ကြောင့် ဒေါ်လာဈေးတက်နေတယ်လို့ ပြောနေကြပါတယ်။ အဓိကကတော့ ဒါတွေကိုအစိုးရနဲ့ ပုဂ္ဂလိကတို့ပူးပေါင်းပြီး အဖြေရှာမှရလိမ့်မယ်လို့ ထင်ပါတယ်။ Export ကိုလဲမြှင့် Import မှာလဲ မလို လားအပ်တဲ့ဟာတွေကို မသွင်းဖို့လိုပါ တယ်။ ဒီဟာက ရေရှည်လုပ်ပြီး Supply and Demandနဲ့ ဖြေရှင်းရမယ့်ကိစ္စ ပါ။ တစ်ရက်တည်းနဲ့ အဖြေထွက်မယ် ဆိုရင် နဂိုကတည်းက နိုင်ငံတော်ကဖြေရှင်း ပြီးတာကြာပြီပေါ့။ တချို့တွေကလဲ ဘဏ် တွေကို အပြစ်ဖို့ကြတယ်။ ဘဏ်တွေကလဲ ကစားသလိုပေါ့။ ဒါတွေက ဘယ်သူမှ ပြောလို့ မရပါဘူး။ မြန်မာ့ငွေကြေးကို တက်ညီလက်ညီနဲ့ သေချာပြန်သုံးရင် တန်ဖိုးတက်တာတွေ မကြုံဘူးလို့မြင်ပါ တယ်။ အစိုးရရဲ့ အရန်ငွေတကယ်ရှိ တာမှန်ခဲ့ရင် ဒါမျိုးတွေမဖြစ်ပါဘူး။တစ်နှစ် ကို ၈ ဘီလီယံရှိခဲ့တယ်လို့ ပြောခဲ့တယ် လေ။ ၈ ဘီလီယံငွေက မြန်မာပြည်တွင်း မှာ ၈ ဘီလီယံရှိခဲ့ရင် ဒါနဲ့လည်သွားလို့ ရတယ်လေ။ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ် တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ တကယ်တမ်း လာခဲ့၊ ငွေတွေတကယ်ဝင်ခဲ့ရင် ပြဿနာ မရှိပါဘူ။ တရားမဝင်တာများနေရင်လည်း ငွေကြေးက ထိန်းလို့မရတာတွေ ဖြစ်တာ ပေါ့။ နိုင်ငံတော်အစိုးရရဲ့ Data တွေလဲ မှားနေလားဆိုပြီး သံသယဖြစ်ကြတာပေါ့။

ကိုကိုအောင်(လူကြီးမင်းဖုန်းအရောင်းဆိုင်)
-------------------------------------------------
ပစ္စည်းတွေအကုန်လုံးက ဒေါ်လာနဲ့ ဝယ်ထားတာများတယ်။ မြန်မာကထွက်တဲ့ Mobile ပစ္စည်းကမရှိတော့ ဒေါ်လာဈေး တက်တဲ့အခါ ဈေးကလိုက်တက်ပါတယ်။ Mobile ဖုန်းက အချိန်နဲ့တစ်ပြေးညီ ပုံမှန် အတက်အကျရှိပါတယ်။ နဂိုကတည်းက ဂယက်ရိုက်တော့ရိုက်တယ်။ သိသိသာသာ ကြီးတော့ မဟုတ်ဘူး။ ပုံမှန်အားဖြင့် အရောင်းအဝယ်ဖြစ်တဲ့ Model တွေဆိုရင် ကျပ်လေးငါးထောင်လောက်တော့ ဈေးမြင့် တက်မှုရှိတယ်။ Mobile ဖုန်း ဖြစ်ဖြစ် တခြားလုပ်ငန်းဖြစ်ဖြစ် ဈေးနှုန်းကတော့ နည်းလေကောင်းလေပေါ့။ နိုင်ငံခြားကနေ ကိုယ့်ဆီပြန် Import လုပ်ရတဲ့ဟာမျိုး ဖြစ်တော့ ဒေါ်လာဈေးနှုန်းက နည်းလေ ကျွန်တော်တို့အတွက် ကိုက်လေပေါ့။ ဈေးနှုန်းတည်ငြိမ်တယ်ဆိုရင်တော့ ဘာပဲ ဖြစ်ဖြစ် အလုပ်လုပ်ရတာ အဆင်ပြေနိုင် ပါတယ်။

ဦးဝင်းကြိုင်(မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)
---------------------------------------------------------------------------
ဒေါ်လာဈေးနှုန်းကိစ္စက ကျွန်တော်တို့ နိုင်ငံအတွက် တော်တော်လေးကို အရေး ကြီးနေပြီ။ ၂ဝ၁ဝ မှာ ၁၂ဝဝ လောက်ရှိ နေတဲ့ ဒေါ်လာဈေးက ၆၇ဝ၊ ၆၈ဝထိအောင် အနိမ့်ဆုံးကျသွားတယ်။ အဲဒီကာလမှာ မွေးမြူထုတ်လုပ်သူတွေရော၊Exporter တွေရော၊ Exporter တွေဆို ဒီနေ့ဝယ်တဲ့ ပစ္စည်းက နောက်နေ့ရှုံးတယ်။ အစိုးရလဲ ဒါကို ဘယ်လိုမှမဆယ်နိုင်ဘူး။နောက်ဆုံး ၂ဝ၁၂ နှစ်ကုန်ပိုင်းမှ တည်ငြိမ်တဲ့အခြေ အနေကို ရောက်တယ်။ ဈေးကြီးနဲ့ပေးပြီး ထုတ်လုပ်မှုအမြင့်နဲ့ထုတ်ထားရတဲ့ငါးတွေ ကို ဈေးအကျနဲ့ရောင်းရတဲ့အခါ အရင်းတွေ ပြုတ်ပြီး အကြွေးတွေတင်တယ်။ အခုချိန် အထိ ထုတ်လုပ်မှုမှာ စွမ်းအားမြှင့်မထုတ် နိုင်ဘူး။ ဒါဘာကြောင့်လဲဆို ငွေလဲနှုန်း ရုတ်ခြည်းပြောင်းလဲမှုကြောင့် ဖြစ်လာတာ။ ဒေါ်လာဈေးကို တက်ခြင်းကျခြင်းထက် စာရင်တည်ငြိမ်တာကိုကြိုက်တယ်။ ထုတ် လုပ်သူရော၊ရောင်းဝယ်သူရော နှစ်ယောက် စလုံး အလုပ်လုပ်နိုင်တဲ့နှုန်းပေါ်မှာ တည် တည်ငြိမ်ငြိမ်ဖြစ်နေရင် နှစ်ဖက်စလုံးအလုပ် လုပ်လို့ရတယ်။ကျွန်တော်တို့ ကြိုက်တာ အရမ်းတက်သွားမှာ၊ အရမ်းကျသွားမှာ ကြောက်တယ်။ တည်ငြိမ်ဖို့လိုတယ်။ တည်ငြိမ်ဖို့က နိုင်ငံတော်ကထိန်းမှ ရမှာ ဖြစ်တယ်။နောက်တစ်ခုက ဒေါ်လာ ဈေးက ဗဟိုဘဏ်သတ်မှတ်တာ တစ်မျိုးအပြင် ဈေးကွက်မှာပေါက်တာကတစ်မျိုး။ ဒါလဲ မဖြစ်သင့်ဘူး။ ဈေးတစ်မျိုးတည်းပဲဖြစ် သင့်တယ်။ ဗဟိုဘဏ်က အခုချိန်အထိ ငွေဈေးနှုန်းပေါ်မှာ အပြင်မှာပေါက်တဲ့ ဈေးကို သူလိုက်မထိန်းနိုင်ဘူး။ဘယ်လောက် အထိ မထိန်းနိုင်မှာလဲဆိုတာ စိုးရိမ်စရာ ဖြစ်နေပြီ။ ဒီနေ့အထိ အစိုးရက အစည်း အဝေးတွေခေါ်လုပ်တယ်။ ထိန်းမယ်လို့ ပြောတယ်။ ဖမ်းမယ်၊ ကိုယ်ပိုင်ငွေစာရင်း ဒေါ်လာရှိတဲ့သူတွေ ကြိုက်သလောက်မထုတ် ရဘူးပြောတယ်။ ပြည်တွင်းမှာဆောင်တဲ့ ဟာတွေကို မြန်မာငွေနဲ့ပဲဆောင်၊ ဒေါ်လာနဲ့ မဆောင်ရဘူးလို့ပြောတယ်။နည်းလမ်းတွေ တော့ သုံးပြီးပြီ။ အခုထက်ထိ တည်ငြိမ်မှု မရှိဘူး။ အခြေအနေက အရမ်းဆိုးတယ်။

ဦးနှင်းဦး(မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ)
----------------------------------------------------
မြန်မာနိုင်ငံရဲ့အခြေအနေကလဲ အမေ ရိကန်ဒေါ်လာရှာနိုင်တဲ့ အင်အားစု ကနည်းတယ်။SME အားလုံးကမတိုးတက် ဘူး။ Import ပစ္စည်းအားလုံးကသွင်းနေရ တယ်။အောက်ကနေစပြီးအပေါ်ထိ ဝယ်နေ ရတယ်။ပို့ကုန်မှာလည်း ကျတယ်။ပို့ကုန် ကိုအားပေးခြင်းမရှိဘူး။ အမေရိကန် ဒေါ်လာလိုငွေက အရမ်းပြလာတယ်။ မြန်မာပြည်က အမေရိကန်ဒေါ်လာနဲ့အသက် ရှင်ရမယ့်ပုံဖြစ်နေတယ်။ ဒေါ်လာလိုလို့ ဝယ်လေလေ ဒေါ်လာကဈေးတက်လေ လေ ဖြစ်နေတာပေါ့။ အဲဒီမှာပဲ တချို့က ဒီပေါ်မူတည်ပြီး လှိုင်းစီးတာပေါ့။ဒေါ်လာ အဝယ်လိုက်များတဲ့ပေါ်မူတည်ပြီးတော့ ငွေကြေးအပေါ်မှာ အမြတ်အစွန်းရရှိဖို့ အတွက်ထိုငွေကြေးကစားတဲ့သူတွေကလဲ ရောယောင်ပြီး လိုက်ပါလာတာပေါ့။ တချို့က တကယ်ပစ္စည်းသွင်းဖို့အတွက် လိုက်ဝယ်တယ်။ဒေါ်လာကနည်းပြီးမရတဲ့ အခါ ဈေးပိုပြီးဝယ်လာကြတယ်။ မဖြစ် မနေလိုအပ်တဲ့ သွင်းကုန်တွေသွင်းဖို့အတွက် ကိုဝယ်တယ်။ အဲဒီအခြေအနေပေါ်မူတည် ပြီး ဒေါ်လာတော့တက်မှာပဲဆိုပြီးငွေကြေး ကစားတဲ့သူတွေကတော့အနည်းနဲ့ အများ ပါလာမှာပေါ့။ အဓိကတော့ ဒေါ်လာလိုနေ တဲ့ ပြဿနာကို မလိုအောင်သော်လည်း ကောင်း၊ များများရအောင်သော်လည်း ကောင်း ဖြည့်ဆည်းနိုင်မှုစွမ်းအားတွေက မရှိသလောက်နည်းတယ်။ FDI ကဝင်တဲ့ ငွေကလဲနည်းနေတယ်။ လုံလုံလောက် လောက်မရဘူး။ အဲဒါကုဖို့ဆိုတာ SME တွေကိုထူထောင် ပြီးတော့ဝယ်နေရ တဲ့ပစ္စည်းတွေမဝယ်ရဘဲ ပြည်တွင်းမှာပဲ ထုတ်နိုင်အောင်သော်လည်းကောင်း၊ မလုပ် နိုင်လို့ ဝယ်ရမယ့်ပစ္စည်းတွေအတွက်လို နေတဲ့ဒေါ်လာကို Export ကနေ ရှာဖို့ တွန်းအားပေးနိုင်မှသာ ကျေလောက်တဲ့ အခြေအနေတစ်ခုရနိုင်မှာပေါ့။ မြန်မာ ပြည်မှာ စီးပွားရေးအရပြုပြင်ပြောင်းလဲမှု အားနည်းတယ်။ ဗဟိုဘဏ်တို့ ဘဏ်တို့ရဲ့ အားနည်းချက်တွေက ဒီပေါ်မှာသွားပြီး ဂယက် ရိုက်တာပဲ။ ဈေးကွက်စီးပွားရေး စနစ်အရ ဗဟိုဘဏ်ကသွားရမယ့်အခန်း ကဏ္ဍ၊ ဈေးကွက်စီးပွားရေးစနစ်ထူထောင် ဖို့ဘဏ်တွေကနေ ပံ့ပိုးပေးရမယ့်အခန်း ကဏ္ဍတွေကမရှိတာကို ရှိအောင်လုပ်ရ မယ့်အစား ဆေးမြီးတိုနဲ့လိုက်ပြီးကုသလို လုပ်တဲ့အတွက်အဖြေက မရနိုင်ဘူး။ဈေး ကွက်စီးပွားရေးစနစ်ကိုသွားတဲ့အခါ ဗဟို ဘဏ်နဲ့ ဘဏ်တွေရဲ့အခန်းကဏ္ဍကအရေး ကြီးလို့ ဒီအတိုင်းလိုက်ပြီး လိုက်လျော ညီထွေမလုပ်ပေးနိုင်ရင် ဒီပြဿနာကပေါ် နေမှာပဲ။ သဘာဝအရင်းအမြစ်တွေရောင်း နေတာက ရောဂါမပေါ်အောင်ကုစားပေး သလိုဖြစ်နေတာပေါ့။ တစ်ဖက်မှာ ဒါတွေ က ပြန်ရတာမဟုတ်ဘူး။ ပစ္စည်းထွက်နေ သမျှ ရောင်းစားလို့ရနေသမျှတော့ ဒဏ်ရာ မပေါ်လူမသိဘူး။ အခုဟာက လက်ကား မှာ ဈေးနှုန်းတက်သွားတာလက်လီမှာပါ အရမ်းတက်သွားတာပေါ့။ လက်လီဈေးက အရမ်းကွာသွားတာပေါ့။ အဲဒါကြောင့် ပြည်သူက ကုန်ဈေးနှုန်းကြီးမားစွာပေးပြီး ရတဲ့အဆင့်ကိုရောက်သွားတယ်။ အဲဒါ တွေအပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ လစာမလုံလောက်တဲ့ကိစ္စတွေက ဒီအတိုင်း ပဲ ဆက်လက်ပြီး ပေါ်ပေါက်သွားမှာပဲ။ မြန်မြန်ဆန်ဆန်ကုစားဖို့လိုတယ်။ ကုစား ဖို့ဆိုရင်ပြည်တွင်းစက်မှုလုပ်ငန်း၊ ထုတ် လုပ်မှုလုပ်ငန်းတွေ တိုးတက်အောင်လုပ် ပေးရမယ်။ ဘာတွေလိုလဲဆန်းစစ်ပြီး တတ်နိုင်သလောက် ဖြည့်ဆည်းပေးရမယ်။ ဒါမှပြောင်းလဲလို့ရမှာ။ ဒါတွေမထူထောင် ပေးနိုင်သမျှတော့ ဒီလူတွေကဘာမှ မထုတ်လုပ်နိုင်ရင် ပြည်တွင်းက Import ကိုပဲမှီပြီးတော့အသက်ရှင်နေရမယ်ဆိုရင် အမေရိကန် ဒေါ်လာအတက်အကျပေါ်မှာ လူထုက ခံစားမှုနဲ့ကြုံတွေ့ရမှာပဲ။

ပြည်တွင်းငွေလဲဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းစံချိန်တင်မြင့်တက်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။

ဖြူသင်းခိုင်
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment