လေယာဉ်ပျက်ကျရာမှာ ပါတဲ့ သားအမိ အသက်ရှင်လျက် ပြန်တွေ့


ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း တောထဲမှာ ပျက်ကျခဲ့တဲ့လေယာဉ်ပေါ်ပါ မိခင်နဲ့ ကလေးငယ်တို့ကို ၅ ရက်အကြာမှာ ကိုလံဘီယာ လေတပ်က အသက်ရှင်လျက် ပြန်လည် တွေ့ရှိခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် မိခင်ဖြစ်သူ Maria Nelly Murillo နဲ့ ၁ နှစ်အရွယ်သားငယ် Yudier Moreno တို့ကို Choco ပြည်နယ်အတွင်း လေယာဉ် ပျက်ကျရာနေရာအနီးမှာ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူမှာ မီးလောင်ဒဏ်ရာနဲ့ ထိခိုက်မှု အနည်းငယ်ရှိပြီး ကလေးငယ်ကတော့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။

ကိုလံဘီယာ လေတပ် အကြီးအကဲဖြစ်သူကတော့ အခုလို သားအမိနှစ်ယောက် အသက်ရှင်လျှက် ပြန်တွေ့တာဟာ အတော်အံသြစရာ ကောင်းတယ်လို့ ဆိုပါတယ်။

လေယာဉ်ဟာ အင်ဂျင် နှစ်လုံးတပ် အမျိုးအစားဖြစ်ပြီး Quibdo မြို့နဲ့ Nuqui မြို့အကြားပျံသန်းစဉ် စနေနေ့က ပျက်ကျခဲ့တာဖြစ်ပါတယ်။

တနင်းလာနေ့မှာ ကယ်ဆယ်ရေးအဖွဲ့တွေက လေယာဉ်ရှိရာကို ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်မှူးဖြစ်သူ Carlos Mario Ceballos ကို လေယာဉ်မောင်းခန်းမှာ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် စုံစမ်းနေတယ်လို့သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment