ဆီးရီးယားရှေးဟောင်းမြို့တော်မှ သမိုင်းဝင်ဂူသင်္ချိုင်းကို အိုင်အက်စ်တို့ စတင်ဖျက်ဆီး


ဒမတ်စကတ် ဇွန် ၂၅

ဆီးရီးယား ပယ်လ်မိုင်ရာ ရှေးဟောင်းမြို့တော်ရှိ ဂူသင်္ချိုင်း များကို အိုင်အက်စ်စစ်သွေးကြွများက စတင်ဖျက်ဆီးနေကြောင်း ဆီးရီး ယား ရှေးဟောင်းအမွေအနှစ်နှင့် ပြတိုက်မှ ဦးဆောင်ညွှန်ကြားရေးမှူး က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဟွမ်ပြည်နယ် အရှေ့ဘက် အနှစ်တစ်ထောင် သက်တမ်းရှိ ပယ်လ်မိုင်ရာ အိုအေစစ်မြို့တော်ရှိ အစ္စလာမ်ဂူသင်္ချိုင်းနှစ်ခုနှင့် ရုပ်တု တစ်ခုကို အိုင်အက်စ်တို့က ဖျက်ဆီး ခဲ့ကြောင်း ပြတိုက်ဒါရိုက်တာ မာမွန် အဗ္ဗဒူကာရင်က ဆင်ဟွာသို့ပြောကြား သည်။

ပယ်လ်မိုင်ရာ ရှေးဟောင်း မြို့တော်ကို အပေါ်စီးမှမြင်ရသည့် တောင်ထိပ်ရှိ ပထမအုတ်ဂူကို တမန်တော်မိုဟာမက်၏ သားမက် တော်စပ်သူ အီမန်အလီဘင်အဘီ တာလက်၏မျိုးဆက် မိုဟာမက် ဘင်အလီ ပိုင်ဆိုင်သည်။

 ဒုတိယ တစ်ခုမှာ အစ္စလာမ်ဘာသာတွင် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ် သည့် အဗ္ဗူဘဟာအက်ဒီယန်၏ နှစ်ပေါင်း ၅ဝဝ ရှိပြီဖြစ်သော ဂူသင်္ချိုင်းဖြစ်သည်။

အိုင်အက်စ် စစ်သွေးကြွများ သည် ပယ်လ်မိုင်ရာပြတိုက်ဝင်ပေါက် ရှိ ဧရာမခြင်္သေ့ရုပ်တုကြီးကိုလည်း ဖျက်ဆီးပစ်ခဲ့ကြသည်။

အဗ္ဗဒူကာ ရင်က နိုင်ငံတကာအဖွဲ့အစည်းများ သို့ ပယ်လ်မိုင်ရာမြို့တော်ကို ကာ ကွယ်ရန်နှင့် အိုင်အက်စ်တို့ ဖျက်ဆီး ခဲ့သော ရှေးဟောင်းမြို့တော်များကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် တိုက် တွန်းခဲ့သည်။

ဇွန် ၂၁ ရက်က အိုင်အက်စ်တို့ သည် ပယ်လ်မိုင်ရာရှေးဟောင်း မြို့တော်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြ ကြောင်း ဆီးရီးယားလူ့အခွင့်အရေး လေ့လာသူများက ပြောသည်။

မိုင်းများနှင့် ဖောက်ခွဲရေးကိရိ ယာများအသုံးပြုပြီး နှစ်ပေါင်း နှစ်ထောင်သက်တမ်းရှိ အထိမ်း အမှတ်အဆောက်အအုံများ၊ ဘုရား ကျောင်းများတည်ရှိရာနေရာများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပယ်လ်မိုင်ရာမြို့တော်သည် ယူ နက်စကို ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်း ရေးနယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အထိမ်း အမှတ် အဆောက်အအုံများရှိရာ နေရာဖြစ်သည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment