ဗီယက်နမ် မြောက်ပိုင်း သို့ တိုင်ဖွန်း မုန်တိုင်း ကူဂျီရာ တိုက်ခတ် လူ ခုနစ်ဦး သေဆုံးပြီး လေးဦး ပျောက်ဆုံး


ဟနွိုင်း ဇွန် ၂၅

ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း သို့တိုင်ဖွန်း မုန်တိုင်း ကူဂျီရာ ဝင်ရောက် တိုက်ခတ် ခဲ့သောကြောင့် ယနေ့ နံနက်ပိုင်း အထိ လူ ခုနစ်ဦး သေဆုံးပြီး လေးဦး ပျောက်ဆုံး လျက်ရှိကြောင်း အာဏာပိုင် များက ထုတ်ပြန် ခဲ့သည်။

ထိုမုန်တိုင်း သည် ဟနွိုင်း မြို့တော် အနောက် ဘက် ကီလို မီတာ၂ဝဝ အကွာရှိ ဆွန်လာ ပြည်နယ် အတွင်းသို့ ဇွန် ၂၄ရက် မှ စတင် ဝင်ရောက် တိုက်ခတ် ခဲ့ခြင်း ဖြစ်ပြီး မုန်တိုင်း တိုက်ခတ် ပြီးနောက် ဖြစ်ပွား ခဲ့သော ရေကြီး မှုများ ကြောင့် ဒေသ အတွင်းရှိ လူနေအိမ် ၂၃လုံးမှာ ရေစီးနှင့် အတူ မျောပါ သွားခဲ့ ကြောင်း မိုးလေဝသ ဌာနက ထုတ်ပြန် ထားသည်။

 မိုးရွာ သွန်းမှု သည် ဇွန် ၂၄ရက် ညပိုင်းနှင့် ယနေ့ နံနက်ပိုင်း အထိ ဆက်လက် ဖြစ်ပွား ခဲ့ပြီး ရေကြီးမှု များမှာ ပြည်နယ် အတွင်းရှိ  ခရိုင် အများ အပြား တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ အချို့ နေရာ များတွင် ရေကြီးမှု များ ထပ်မံ ဖြစ်ပွား လျက်ရှိ ကြောင်း VNExpress သတင်းစာ က ယနေ့တွင် ဖော်ပြ ခဲ့သည်။

နိုင်ငံ မြောက်ပိုင်း ရှိ ကွမ်နင်း ပြည်နယ် နှင့် ဟိုင်ဖွန် မြို့တွင်  ဇွန်၂၄ရက် မွန်းလွဲ ပိုင်းက မုန်တိုင်း တိုက်ခတ် ခဲ့သော် လည်း  ယင်း ဒေသ အတွင်း၌  မုန်တိုင်း ဒဏ်ကြောင့် အသေ အပျောက် ဖြစ်ပွားမှု မရှိခဲ့ ကြောင်း၊ ယခု တိုက်ခတ် ခဲ့သော ကူဂျီရာ မုန်တိုင်း သည်  ဗီယက်နမ် နိုင်ငံ အတွင်းသို့  ယခုနှစ် အတွင်း ပထမ ဆုံးအကြိမ် ဝင်ရောက် တိုက်ခတ် သည့် မုန်တိုင်း ဖြစ်ကြောင်း  သိရသည်။

Pyi Chit thar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment