လှပတဲ့ နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်နိုင်ဖို့ သင်သိထားရမယ့် အချက်များ


နှုတ်ခမ်းသားတွေ ခြောက်သွေ့နေလို့ စိတ်ညစ်နေရပြီလား၊ အရောင်တွေဖျော့နေလို့၊ ပန်းသွေးရောင်မလွှမ်းတော့လို့ ဘာလုပ်ရမှန်းမသိဖြစ်နေပြီလား။  ဒီလိုဖြစ်တဲ့အခါ သင်ဟာ ဒါဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိထားမှ ဖြစ်ပါလိမ့်မယ်။
လူတွေအသက်အရွယ် ရလာတဲ့အခါ နှုတ်ခမ်းသားတွေဟာ ပိုမိုသေးငယ်လာပြီး ခြောက်လာတတ်ပါတယ်။ အရင်ကလို ကာလာမျိုးလည်း မရှိတတ်တော့ပါဘူး။ ဒါပေမယ့် အမျိုးသမီးအများစုဟာ ဒါကို သတိမပြုမိကြသလို သတိပြုမိရင်တောင် ဂရုစိုက်ဖို့ မေ့လျော့နေကြပါတယ်။ တကယ်တော့ နှုတ်ခမ်းဆိုတာကလည်း အလှအပခြယ်သရာမှာ တစ်စိတ်တစ်ဒေသ ပါနေတာပဲလေ။ ဂရုစိုက်ပေးမှသာ လှပတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာပါ။
ရေဓာတ်အလုံအလောက် ရှိပါစေ။
နှုတ်ခမ်းသာခြောက်တယ်ဆိုရင် ဒါဟာ တစ်နေ့တာ သင်ရေအလုံအလောက် မသောက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ဒါ့အပြင် သင် စိတ်ဖိစီးမှုတွေ ခံစားနေရတာလားဆိုတာကိုလည်း နှုတ်ခမ်းခြောက်ခြင်းက ပြသပေးနေပါတယ်။ ဒီလို နှုတ်ခမ်းခြောက်တဲ့သူတွေဟာ ရေအပါအ၀င် အခြားသော အုန်းရေ၊ အသီးအနှံတွေနဲ့ ရေဓာတ်များတဲ့ အရာတွေကို သောက်ပေးသင့်ပါတယ်။ အသီးအနှံတွေထဲမှာဆိုရင် သခွားသီးတို့၊ ဖရဲသီးတို့ဟာ ရေဓာတ်တောတော် လေးများပါတယ်။ ဒီလို ဂရုစိုက်ပေးမယ်ဆိုရင် ဆီးသွားတာ ကောင်းမှာဖြစ်သလို သင့်နှုတ်ခမ်းခြောက်တာတွေလည်း လျော့လာပါလိမ့်မယ်။
နှုတ်ခမ်းသားအဆီကိုလည်း ဖြည့်တင်းပေးပါ။
ကိုယ်ရွေးချယ်လိုက်တဲ့ နှုတ်ခမ်းနီ၊ waxy balm တွေဟာ ကိုယ့်နှုတ်ခမ်းသားနဲ့ တကယ်ရော အဆင်ပြေရဲ့လားဆိုတာ သတိထားမိဖို့ လိုပါတယ်။ တစ်ခါတစ်လေ moisturizer များတဲ့ အမျိုးအစားလို့ ဆိုထားပေမယ့် အဲ့ဒီအမျိုးအစားထဲမှာ menthol နဲ့ camphor စတာတွေ ပါဝင်နေတယ်ဆိုရင် နှုတ်ခမ်းသားက ပိုလို့တောင် ခြောက်သွားနိုင်ပါသေးတယ်။
ဒီတော့ သင့်နှုတ်ခမ်းသားထဲ ရောက်သွားစေမယ့် moisturizer အပြည့်အ၀ပါတဲ့ နှုတ်ခမ်းအားဖြည့်အဆီကိုသာ ရွေးချယ်ဖို့ စဉ်းစားပါ။ ဈေးသက်သာတာထက်စာရင် တကယ်ထိရောက်တဲ့ အမျိုးအစားကို ရွေးချယ်ပါ။ နှုတ်ခမ်းသားအတွက် အဓိကထုတ်ထားတဲ့ နှုတ်ခမ်းအားဖြည့်ခရင်မ်တွေ ဈေးကွက်ထဲရှိနေပြီမို့ တကယ်နားလည်သိတတ်တဲ့သူတွေကို မေးဝယ်ပါ။
နှုတ်ခမ်းသားမည်းနေတာတွေ လျော့အောင် ဒီလိုလုပ်ပါ။
ကြမ်းပြီး မည်းနေတဲ့ နှုတ်ခမ်းသားကို နူးညံ့ပြီး ပန်းရောင်လွှမ်းသွားအောင် ကြိုးစားချင်တယ်ဆိုရင် နှုတ်ခမ်းကို moisturizer ပါတဲ့ lip balm ဒါမှမဟုတ် facial oil လေး နည်းနည်းသုတ်လိမ်းပေးပြီး ပျော့ပျောင်းနူးညံ့တဲ့ သွားတိုက်တံနဲ့ နှုတ်ခမ်းကို ပွတ်တိုက်ပေးလိုက်ပါ။ ခုနပြောတဲ့ lip balm မရှိရင်လည်း အညိုရောင်သကြား ဒါမှမဟုတ် သံလွင်ဆီ၊ အုန်းဆီ စတာတွေကို နှုတ်ခမ်းပေါ်တင်ကာ လက်ချောင်းထိပ်လေးနဲ့ ပွတ်တိုက်ပေးပါ။ ပြီးတာနဲ့ နှုတ်ခမ်းကို ရေစင်အောင် ဆေးပြီး balm တစ်ခုခု ဆိုးထားလိုက်ပါ။ ဒီလို ပုံမှန်လုပ်ပေးရင်တော့ သင့်နှုတ်ခမ်းသားတွေ ပန်းနုရောင် ပြန်သမ်းလာပါလိမ့်မယ်။
Ref:womenshealthmag
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment