ရန်ကုန်ကမ္ဘာထဲက ခရီးသွားများရဲ့ နေ့စဉ်ဒုက္ခ



ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်ကျပ်၊ ကားကျပ်ကျပ် မစီးချင်လို့ ညနေရုံးဆင်းချိန် ဘူတာကြီးကိုသွားပြီး ရထားစီးပြီး အိမ်ပြန်မယ်လို့ ဆုံးဖြတ်ကာ ဘူတာရုံဆီ ထွက်ခဲ့ပါတယ်။ အချိန်က နေ၀င်ချုပ်စ နွေဦးည ခုနစ်နာရီခန့်ပေါ့။ ကိုယ်က တောကလာတာဆိုတော့ ကားစီးရတာလည်း မကျွမ်းသလို ရထားထွက်ချိန်တွေလည်း တိတိကျကျသိသူမဟုတ်ပါဘူး။ တိတိကျကျသိပါတယ်ဆိုရင်တောင်မှ ရထားဆိုက်ချိန်ထွက်ချိန်က မမှန် တော့လည်း မသိတာနဲ့ ဘာမှမထူးပါဘူးဗျာ။
ပန်းဆိုးတန်းခုံးကျော်တံတားကြီးပေါ်က မြို့ပတ်ရထားထွက်တဲ့ စင်္ကြံ ဆီ ဆင်းခဲ့ပါတယ်။

ဆင်းဆင်းချင်း တွေ့တဲ့လက်မှတ်အရောင်းဌာနမှာRBEအဲကွန်းရထားရှိလားမေးပြီး လက်မှတ်ဖြတ်ဖို့လုပ်တော့ လက်မှတ် ရောင်းသူက သူနဲ့မျက်နှာချင်းဆိုင်က လက်မှတ်ရောင်းတဲ့ရုံကလေးဆီ လက်ညှိုးထိုးပြရှာပါတယ်ဗျာ။ နေရာကတော့ ပန်းဆိုးတန်းခုံးကျော်တံတား ရဲ့အရှေ့ဘက် အနည်းငယ်လှမ်းသပေါ့။ ဒီလိုနဲ့ လက်မှတRBEတစောင် ၀ယ်ပြီး ကိုယ့်ဆရာရေ ဘယ်စင်္ကြံမှာ စီးရမလဲဆိုတော့ စောစောက လက်မှတ်ဝယ်တဲ့ဘက်ဆီ လက်ညှိုးထိုးပြပါတယ်။ ကိုယ်လည်း သေချာ ကြည့်ပါရဲ့ ဘူတာရုံမှာလည်း မီးတွေ လင်းလင်းချင်းချင်းရှိပါရဲ့ ဒါကို ကိုယ်ပဲအမြင်အာရုံချွတ်ယွင်းသလားဆိုတော့ ဘယ်မှာထပ်မေးရမယ်မသိ။

မြင်သာတဲ့အသိပေးဆိုင်းဘုတ်ကလည်း ချိတ်မထား၊ အသံနဲ့ ကြေညာတဲ့ စနစ်ကလည်း ဒိန်ချဉ်သည်ရဲ့ လော်စပီကာလောက်တောင် ကြည်ကြည် လင်လင်မရှိဘူး။ ကျွန်တော်ပြန်မှာက အင်းစိန်-အောင်ဆန်း မြို့ပတ် ရထားဝေါဟာရနဲ့ဆိုရင်တော့ လက်ယာရစ်ပေါ့။ အဲဒီအချိန်မှာ ကိုယ် သွားမယ့် လက်ယာရစ်ရဲ့ ဆန့်ကျင်ဘက်ရထားတစီးကလည်း ၀င်လာပါ လေရော။ ရထားပေါ်က ဆင်းလာသူ အချို့ကို အင်းစိန်-အောင်ဆန်းကို ဘယ်ဟာစီးရမလဲလို့မေးတော့ သူတို့ကလည်း မသိဘူးတဲ့။ ဘယ်သိမလဲ သူလိုကိုယ်လို ခရီးသွားတွေကို နောက်ဆုံး မီးရထားရဲတယောက်ကိုတွေ့ တော့မေးမှ ဟိုးမှာရပ်ထားတဲ့ ရထားတဲ့။ ကျွန်တော်ရပ်နေတာက ပန်းဆိုး တန်းခုံးကျော်တံတား၊ စီးရမယ့်ရထားက ဆူးလေခုံးကျော်တံတားအောက်မှာ။ ဘယ်နှယ့် ဘူတာမှာမရပ်ဘဲ အဲသလောက် အဝေးကြီးရပ်ထားရသလဲ လို့ အဲဒီအချိန်က မစဉ်းစားအားပါဘူးဗျာ။ ရထားဆီ သုတ်ခြေတင် အား ကုန်ပြေးရတော့တာပေါ့။ အဲဒီလိုပြေးနေရင်း ရထားဘီးလှိမ့်တာ မြင်ရပါ တော့တယ်။ သူက ဘီးစလှိမ့်လေ ကိုယ်က ပိုပြေးလေပဲဗျို့။ အဲဒီရထား ပေါ်က ဆင်းလာတဲ့ ရဲနှစ်ယောက်အနက် တယောက်က မမီလောက်တော့ ဘူးလို့ဆိုတာကို ကျန်တယောက်က သူပြေးပုံနဲ့ မီမှာပါတဲ့။ ဒါနဲ့ ရထား ပေါ်ရောက်မှ အနားယူမယ်ဆိုပြီး ပိုပြေးလိုက်ပေါ့ဗျာ။ ကိုယ်က ပြောရင်းနဲ့ ရထားက ပိုအရှိန်နဲ့ထွက်သွားပါတော့တယ်။

ဒီလိုနဲ့ ရထားမမီလိုက်ဘူး။ ဒါပေမဲ့ ဇာတ်လမ်းက မဆုံးသေးဘူးဗျ။ နောက်ထွက်မယ့်ရထားလက်မှတ်ဝယ်မလို့ ပထမဦးဆုံး လက်မှတ်ဝယ်ဖို့ မေးတဲ့ လက်မှတ်ရုံဆီသွားခဲ့ပါတယ်။ လက်မှတ်ရောင်းသူကို ကျွန်တော် က စောစောက အဲကွန်းရထားမမှီလိုက်ဘူး။ အဲဒီလက်မှတ်နဲ့ ထပ်စီးလို့ ရသေးလားဆိုတော့ လက်မှတ်အသစ်ဝယ်ရမယ်တဲ့။ ဒါနဲ့ လက်မှတ် ၂၀၀ တန် ၀ယ်ပြီး ရထားထပ်စောင့်တာ နာရီဝက်လောက်ကြာတော့ ရောက်လာ ပါတယ်။ ဥု ပြီဆိုပြီး ရထားပေါ်တက်စီးလာခဲ့ပါတယ်ခင်ဗျာ။ အဲဒီရထား ကလည်း စီးလာလိုက်တာ အင်းစိန်မှာ ဂိတ်ဆုံးတယ်တဲ့ခင်ဗျာ။ ကျွန်တော် ပြန်ရမှာက အောင်ဆန်းဘူတာ။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက မီးရထားလက်မှတ်ရောင်းတဲ့ ၀န်ထမ်းတွေ မေးလိုက်ရင် ဖြေချင်သလိုလို၊ မဖြေချင်သလိုလို၊ ရထား ထွက်ချိန်ကလည်း ဘယ်တုန်းကမှ မမှန်ဖူးဘူး။ီငါငအေူ သြမေိ နဲ့ ကြော်ငြာတာလည်း ကိုယ်နဲ့မဆိုင်တာတွေဘဲ ထပ်ဖန်တလဲလဲပြနေတယ်။ အသံနဲ့ ကြေညာတော့လည်း ဗလုံးဗထွေးနဲ့။ ရထားစီးသူက ဘယ်အရာကို အားကိုးရမလဲ။ နေ့စဉ် မြို့ပတ်ရထားစီးပြီး ခရီးသွားတဲ့သူ ရှစ်သောင်း လောက်ရှိတယ်လို့ သိရတယ်။ အဲဒီရှစ်သောင်းက နေ့စဉ် ဒီဒုက်္ခတွေကို ခံစားနေရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။

မီးရထားစီးလို့ အဲဒီဒုက်္ခတွေများတယ်။ ဘတ်စ်ကားစီးမယ်ဆိုရင် သူ့ထက်ပိုတဲ့ဒုက်္ခတွေက အများကြီး စောင့်ကြိုလို့နေပါတယ်။ မြို့စွန်က နေ မြို့ထဲကိုသွားဖို့ လေးဆယ့်ငါးမိနစ်လောက်ရှိတဲ့ခရီးကို ၂ နာရီလောက် ကြာမှ ရောက်တယ်။ ဘတ်စ်ကားပေါ်တက်ပြီဆိုကတည်းက စပယ်ယာ တွေရဲ့ တွန်းထိုးတင်ပြီး သူ့ရဲ့ဆူပူအော်ဟစ်မှုနဲ့ စီးရပါတယ်။ ကားပေါ်မှာ စပယ်ယာတွေက လူတွေကို အုတ်စီသလို အထပ်ထပ်စီပြီး ၂ နာရီ လောက် ကျပ်သိပ်နေတဲ့နေရာမှာ မတ်တတ်ရပ်ရပါတယ်။

ထိုင်ခုံရလို့ ထိုင်မယ်ဆိုရင်လည်း ကိုယ့်ထက် အသက်အရွယ်ကြီးသူ၊ အားနွဲ့တဲ့ အမျိုးသမီး တွေကို မျက်နှာလွှဲမျက်နှာပြောင်တိုက်ပြီး လိပ်ပြာမလုံစွာနဲ့ စီးနေရပါတယ်။ ဒါဟာ နေ့စဉ် ဘတ်စ်ကားစီး ခရီးသွားနေတဲ့ ၂ ဒသမ ၂ သန်းခန့်ရဲ့ ဒုက်္ခများ စွာထဲက တခုပါ။ တကယ်ကို လူတွေက လူ့အဆင့်အတန်းနဲ့အညီ လူပီသ စွာ စီးနင်းခွင့်မရကြရှာပါဘူး။ နေ့စဉ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါ တယ်။
တကယ်ဆိုရင် နေ့စဉ်ဒီလောက်ဒုက်္ခရောက်နေတဲ့ ပြည်သူတွေ အတွက် လူ့အခွင့်အရေး အချိန်နဲ့အမျှ ချိုးဖောက်ခံနေရတဲ့ ရန်ကုန်ကမ်္ဘာ လေးထဲက ပြည်သူတွေအတွက် မီးရထားက တာဝန်ရှိသူတွေ၊ မထသ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာကလူတွေကို ယာဉ်မောင်းတွေ၊ စပယ်ယာ တွေ၊ ယာဉ်ပိုင်ရှင်တွေကို လူ့အခွင့်အရေး အချိုးဖောက်ဆုံးလူတွေအဖြစ် ၀ိုင်းဝန်းရှုတ်ချခြင်းအပြင် တရားစွဲဆိုသင့်နေပါပြီ။ ခရီးသွားပြည်သူများက ရော ဘယ်တော့များ လူသားဆန်စွာ လူ့အခွင့်အရေးနဲ့အညီ ဘယ်တော့ ခရီးသွားခွင့်ရကြမလဲ။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment