အရက်မူးဖူးသူ ဘယ်သူမဆို အရက်မူးလာရင် ဗိုက် ဘယ်လိုဆာတတ်လဲ သဘောပေါက်ကြပါတယ်။
ဒါပေမယ့် အများစုဟာ ထမင်းဟင်း သို့မဟုတ် အာလူးချောင်းကြော်တွေ စသည်ဖြင့် စားတတ်ကြပေမယ့် ဒီအမျိုးသားဟာ ကွန်ကရစ်ခင်းဖို့ ဖျော်စပ်ထားတဲ့ မဆလာကို စားခဲ့ပါတယ်။
အဲဒီအမျိုးသားကို မေးမြန်းကြည့်ရာမှာ အရက်အလွန်အကျွံ သောက်စား မူးယစ်ပြီး အိမ်အပြန် လက်ဆွဲပုံးတစ်ခုတွင်း ပျစ်ပျစ်နှစ်နှစ်ရှိတဲ့ အရည်တချို့တွေ့ခဲ့တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
လက်ဆွဲအိတ်ထဲရှိတာ ကွန်ကရစ်တွေဆိုတာ သူ အဲဒီအချိန် မသိခဲ့ပါဘူး။ နှမ်းအနှစ်အခဲပျော့တွေလို့သာ သူထင်မှတ်ခဲ့ပါတယ်။
သူဟာ အရက်မူးတိုင်း စားမိတဲ့အစားအစာကြောင့် ဆေးရုံရောက်တာအခါခါဖြစ်ပြီး ဒီတစ်ခါတော့ အစာတွေကို ပြန်စုပ်ထုတ်ပေးခဲ့ရပါတယ်တဲ့။
Ref: Metro
Source:trend.com.mm
0 comments:
Post a Comment