အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ကိုဖိအား မပေးဘူးလို့ ဆိုတဲ့ အောင်ရဲလင်း


မကြာသေးခင်ကမှ ဘန်ကောက်မှာ ခင်ဝင့်ဝါနဲ့အတူ Line ကြော်ငြာကို သွားရောက်ရိုက်ကူးပြီး ပြန်လည်ရောက်ရှိလာတဲ့ အောင်ရဲလင်းကို အလွမ်း ၆၀ = တစ်နာရီ ( ၂၄ ) နာရီ = ၁ ချစ် ရှုတင်မှာ တွေ့ဆုံခိုက် တိုတိုထွာထွာမေးခွန်းလေးများနဲ့ စတင်နှုတ်ဆက်လိုက်ပုံက
-အခုရိုက်နေတဲ့ကားလေးက။
အလွမ်း ၆၀ = တစ်နာရီ ( ၂၄ ) နာရီ = ( ၁ ) ချစ် တဲ့။ ကျွန်တော်ရယ်၊ ကိုရာဇာရယ်၊ မိုးဟေကိုရယ်၊ အေးမြတ်သူရယ်ပါ။ ဒါရိုက်တာက ကိုဇော် ( အရုဏ်ဦး )ပါ။ ဒီကားလေးထဲမှာ ကျွန်တော်က ပြောင်ချော်ချော်နဲ့လူငယ် ကာရိုက်တာပါပဲ။ နောက်နောက်ပြောင်ပြောင်နေတတ်တဲ့ ကောင်လေးပေါ့။ အ၀တ်အစားပိုင်းကတော့ ကားကြီးဆိုတော့ သိပ်မရိုးတဲ့ ပုံစံလေးပေါ့။ ကားကြီးဆို ကျွန်တော် ဟာသကားနည်းတယ်။ အဲ့ဒါကြောင့်ဒီကားလေးကို လက်ခံဖြစ်ခဲ့တာပါ။
-ဘန်ကောက်မှာ ကြော်ငြာသွားရိုက်ဖြစ်တယ်လို့လဲသိရပါတယ်။
ဟုတ်ပါတယ်။ Line ကြော်ငြာ သွားရိုက်တာပါ။ ခင်ဝင့်ဝါရယ် ကျွန်တော်ရယ်ပါ။ ဒါရိုက်တာတွေကတော့ ဟိုက လူတွေပါပဲ။ ၆ ရက်ကြာပါတယ်။
-၂၀၁၅ ထဲမှာ ကားကြီးအနေနဲ့ ဘယ်နှစ်ကားလောက် ရိုက်ဦးမလဲ။
နောက်တစ်ကား ထပ်ရိုက်ဖို့ရှိတယ်။ ဒါပေမဲ့ ဇာတ်ကရွေးနေတုန်းပါပဲ။ ၉လပိုင်းလောက်မှာရိုက်ဖြစ်မှာပါ။
-ဒီနှစ်ထဲမှာ ကားကြီး ဘယ်နှစ်ကားလောက်ရိုက်ပြီးသွားပြီလဲ။
ဒါနဲ့ဆို ၂ ကားပေါ့။ ပထမ တစ်ကားက သရဲကား Spa ၊ ယိုးဒယားမင်းသမီးနဲ့ပါ။
-ပြည်ပရောသွားဖို့ရှိဦးမလား။
ကျွန်တော်ဒီလ ၁၈ ရက်နေ့ ဘန်ကောက်သွားမယ်။ အလုပ်မပါဘူး။ အလည်ပါပဲ။ ပြည်ပသွားရင် ဖက်ရှင်ပဲ အဓိကလေ့လာဖြစ်တယ်။ ကျန်တာကတော့ သိပ်မလေ့လာဖြစ်ဘူး။ နေချင်သလိုနေတာများတယ်။
-ပြည်ပကိုရော ဘာကြောင့်သွားဖြစ်တာလဲ။
 အဲ့ဒီမှာက စိတ် Relax ဖြစ်တယ်။ ပြီးသွားရင် အပန်းဖြေလို့ကောင်းတယ်။ နောက်ပြီး ကျွန်တော်က အ၀တ်အစားတွေကြိုက်တော့ အ၀တ်အစားတွေဝယ်တာများတယ်။
-အ၀တ်အစားပိုင်းကိုရော ဘယ်သူစီစဉ်ပေးလဲ။
ကျွန်တော်လဲစီစဉ်တယ်။ တခါတလေ အမေလဲ စီစဉ်ပေးတာမျိုးရှိတယ်။
-အခုနောက်ပိုင်းမှာ အစ်ကို့ရဲ့ ဖက်ရှင်၊ အပြင်အဆင်ပိုင်းကိုလူငယ်ပရိသတ်တွေတော်တော်များများသဘောကျလာကြတယ်။ အဲ့ဒီအပေါ်မှာ ရော ဘယ်လိုမြင်မိလဲ။
ကျွန်တော်ကတော့ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ ပြောင်းလဲ သွားမှာပေါ့လေ။ ကြိုက်တယ်ဆိုရင် လဲ ထပ်ပြီးတော့ လုပ်စရာတွေ ပိုပြီးစဉ်းစားရမယ်။ ပိုပြီးရှာဖွေရမယ်။ အဲ့ဒီအတွက် တွန်းအားတစ်ခုဖြစ်စေပါတယ်။
-လက်ရှိအချစ်ရေးကရော။
အေးအေးဆေးဆေးပါပဲ။ စဉ်းစားချင်လဲ စဉ်းစားတယ်။ မစဉ်းစားချင်လဲ မစဉ်းစားဘူး။ ကျွန်တော့်စိတ်ကို pressure မပေးဘူး။ စိတ်ကိုပေါ့ပေါ့ပါးပါးပဲထားတယ်။
-Hair Style ရော ပြောင်းဖြစ်ဦးမလား။
Hair Style ကနည်းနည်းပြန်ပြီး အရှည်ထားမယ်လို့စိတ်ကူးထားတယ်။ ပရိသတ်တွေဆီကတော့ လက်ရှိ ဆံပင်ကို ကြိုက်ကြတယ်လို့ပြန်ကြားရတယ်။  ကျွန်တော်ကိုယ်တိုင်လဲ ကြိုက်တယ်။
-အခုလက်ရှိနည်းနည်းပိန်သွားတယ်နော်။
ဟုတ် ။ အဲ့ဒါကတော့ ကျွန်တော်ပုံစံပြောင်းတဲ့အထဲမှာ တစ်ခုအပါအ၀င်ပေါ့။
-ဂီတဖက်ရောလုပ်ဖြစ်လား။
နယ်ရှိုးတွေတော့ သွားဆိုဖြစ်တယ်။ အဆိုတော် တစ်ယောက်အနေနဲ့ရပ်တည်ဖို့စိတ်ကူးမရှိပါဘူး။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment