ရုပ်ရှင်လောက ပျက်စီးဖို့ လမ်းစပေါ်ပြီလို့ဒါရိုက်တာ ဝိုင်း ရင်ဖွင့်



လတ်တလောမှာတော့ ဖေ့ဘုတ်လူမှုကွန်ရက်မှာ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကို အပိုင်း၎ပိုင်းခွဲပြီး ပျံ့နှံ့နေတာတွေ့ ရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ဇွန်လ ၁၂ရက်နေ့ကမှ စတင်ပြသတာဖြစ်ပြီး တစ်ပတ်မပြည့်ခင်မှာပဲ အခုလို အွန်လိုင်းမှာပျံ့နှံ့ခဲ့မှုအပေါ် ဒါရိုက်တာ ဝိုင်းက ” နံပါတ်တစ်အချက်အနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ အနု ပညာသမားတွေက အနုပညာပဲလုပ်တတ်တယ်။ စီမံခန့်ခွဲမှုဆိုင်ရာ အပိုင်းနဲ့ကျန်တာတွေက ရုံတွေ၊ ပရိုဂျူဆာတွေပဲ ဝိုင်းလုပ်မှရမယ်။ ကိုယ့်ပစ္စည်းကို ကောင်းစေချင်ရင် လုံခြုံရေးကို ဂရုစိုက်ရမယ်ဆိုတဲ့ စကားကို ခဏခဏပြောတယ်။ အဲဒီလုံခြုံရေးကို လျစ်လျူရှုထားရင် ဒီလို ပြဿနာကို ကြုံရမှာပဲ။ အဓိကက ရုံတွေကလည်း ဘယ်လောက်ထိ စိတ်ချရလဲ။ ကိုယ့်ရဲ့ ပြစက်တွေ ကော တကယ်ထုတ်လို့မရဘူးလား။ ကြည့်တဲ့ ပရိသတ်ကအစ အားလုံး တကယ့်လုံလုံခြုံခြုံရှိမှသာဒီပြဿနာကို ဖြေရှင်းလို့ရမယ်။ နည်းပညာတိုးတက်လာတာနဲ့အမျှ ဘေးထွက် ဆိုးကျိုးတွေကရှိတယ်။ ဒါကျွန်တော် တို့တစ်လောကလုံးအတွက် စံနမူနာပြုစရာ ပထမဆုံးဖြစ်ရပ်ပဲ။ နိုင်နိုင်နင်းနင်း သေချာမကိုင်တွယ်နိုင်ဘူးဆိုရင် ကျိန်းသေတာက ရုပ်ရှင်လောကက ပျက်စီးဖို့လမ်းစပေါ်ပြီပဲလို့ ယူဆပါတယ်” လို့ ပြောပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဒီဇာတ်ကားက ကြည်လင်ပြတ်သားမှုရှိပြီး အသံပိုင်းဆိုင်ရာတွေလည်း ကောင်းမွန်နေတာ တွေ့ရတဲ့အပေါ် ဒါရိုက်တာဝိုင်းက “အဲဒီအဖြေကို ရှာနေပါတယ်။ ဒီလောက်ကြည်လင်ပြတ်သားတဲ့ဟာ ရှိနိုင်တာက ပြစက် DCP ထဲကနေ ဘယ်လိုဆွဲထုတ်လဲဆိုတဲ့ နည်းပညာတစ်ခု၊ နောက်တစ်ခုက ပွဲအချိန်တွေ အား လုံးပြီးသွားတဲ့အခါမှာ ကင်မရာကောင်းကောင်းတစ်ခုနဲ့ ထောင်ပြီး စိမ်ပြေနပြေရိုက်သွားလားဆိုတာ တစ်ခုအဲဒီနည်းလမ်းနှစ်ခုကို ရှာနေပါတယ်” လို့ ပြောပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့တဲ့ နည်းလမ်းကိုရှာပြီး မှ တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်းကိုလည်း ” လောလောဆယ်မှာ ထွက်လာတဲ့ ဇာစ်မြစ်ကိုသိပြီးမှ ကျန်တာကို လုပ်လို့ရမှာပါ။ အွန်လိုင်းမှာတက်နေတဲ့ လူတွေ အားလုံးကို ထိုက်သင့်တဲ့ တည်ဆဲဥပဒေအရ တရားစွဲဆိုသွားမှာဖြစ်တယ်ဆိုတာကို အတိအလင်းအသိပေးပါတယ်။ အခု ပြည်ထဲရေးဝန်ကြီးဌာနရယ်၊ နိုင်ငံတော်သမ္မတ ရုံးရယ်ကို ဆက်သွယ်ပြီးတော့ စလုပ်နေပါပြီ” လို့ ပြောပါတယ်။
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment