ရင်သားအတွင်း ကိုကင်းအရည်များ ထည့်သွင်း သယ်ဆောင်လာခဲ့သည့် အမျိုးသမီးတစ်ဦးကို ကိုလံဘီယာ ရဲတပ်ဖွဲ့ဖမ်းဆီး


ဘိုဂိုတာ ၊ ၂၁-၆-၂၀၁၅

ကိုလံဘီယာ နိုင်ငံ မြို့တော် ဘိုဂိုတာရှိ လေဆိပ်တွင် ရင်သားအတွင်း ကိုကင်းအရည်များ ထည့်သွင်း သယ်ဆောင် လာခဲ့သည့် အမျိုးသမီး တစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်ဟု ယမန်နေ့တွင် ထုတ်ပြန်ချက် တစ်ခုအရ သိရသည်။

ဖမ်းဆီးခံရသူ အမျိုးသမီးသည် ပေါင်လာဒီယန်နီရာ ဆာဘီလွန် အမည်ရှိ ဟွန်ဒူးရပ်စ် နိုင်ငံသား တစ်ဦးဖြစ်ပြီး ၄င်းသည် ကိုကင်းအရည် ၁ ဒသမ ၅ ကီလိုဂရမ်ကို ရင်သားအတွင်း လျှို့ဝှက် သယ်ဆောင်၍ စပိန်နိုင်ငံသို့ ထွက်ခွာရန် ကြိုးပမ်းစဉ် လေဆိပ်ရှိ လုံခြုံရေးဂိတ် အရောက်တွင် ၄င်း၏ ကြောက်ရွံ့မှုကြောင့် လေဆိပ် အာဏာပိုင် များက သံသယ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဆေးခဲ့ရာ မှ အဆိုပါ ကိုကင်းများကို သိမ်းဆည်း နိုင်ခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များ အရ ဆာဘီလွန် သည် အဆိုပါ ကိုကင်းများကို စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ ပို့ဆောင်ရန် စီစဉ်ခဲ့ကြောင်း ဝန်ခံ ပြောကြား ခဲ့သည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment