![]() |
လှောင်အိမ်ထဲက လူတွေကို ရေနစ်သတ်နေပုံ (Credit: ABC licensed) |
အီရတ်နိုင်ငံ Nineveh မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖြစ်ပြီး IS အဖွဲ့ကနေ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေထဲ အရက်စက်ဆုံးသော ဗီဒီယို ဖြစ်ပါတယ်။
ဒီတချီ ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာ သတ်ပစ်ခံရတဲ့ လူ ၁၆ ယောက်ကတော့ ထောက်လှမ်းရေးတွေ ဖြစ်တယ်လို့ သိရပြီး တချို့ကလည်း သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်ပြီး IS အဖွဲ့ဝင်အဖြစ် ဟန်ဆောင်တာ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုထားတဲ့ ဗီဒီယိုတွေ ပါရှိပါတယ်။
ဗီဒီယို အစမှာတော့ လူ ၄ ယောက်ကို IS အဖွဲ့က ကားထဲ ဝင်နေခိုင်းပြီး နောက်ပိုင်းမှာ ကားကို ဗုံးခွဲလိုက်တဲ့ ပုံတွေ၊ နောက် လူ ၅ ယောက်ကိုတော့ လှောင်အိမ်ထဲ လှောင်ထားပြီး အဲဒီ လှောင်အိမ်ကို crane ကားနဲ့ မချီပြီး ရေကူးကန် ဟောင်းထဲက ရေထဲမှာ နစ်သတ်လိုက်တာ ဖြစ်ပါတယ်။
လှောင်အိမ် အပြင်မှာ ကင်မရာ နှစ်လုံး ချိတ်ထားပြီး လှောင်အိမ်ထဲက လူတွေ ရေဆိုးထဲမှာ ရုန်းရင်းဆန်ခ ပြုလုပ်ရင်း သေဆုံးသွားတဲ့ ပုံကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
နောက် လူ ၇ ယောက်ကိုတော့ လည်ပင်းမှာ ပေါက်ကွဲရေး ပစ္စည်းတွေ လွယ်ခိုင်းပြီး ဖောက်ခွဲပြီး သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
IS အဖွဲ့ဟာ လူပေါင်း ရာနဲ့ချီကို သေနတ်နဲ့ ပစ်သတ်တာတွေ၊ ဒါဇင်နဲ့ချီကို ခေါင်းဖြတ်သတ်တာတွေ၊ ကျောက်ခဲနဲ့ သေတဲ့အထိ ပစ်ပေါက်တာတွေ၊ လိင်တူ ချစ်သူကို တိုက်မြင့်ပေါ်ကနေ လူရှေ့သူရှေ့မှာ တွန်းချတာတွေအပြင် ဂျော်ဒန်နိုင်ငံသား လေယာဉ်မှူးကိုလည်း အရှင်လတ်လတ် မီးရှို့သတ်တာတွေကို လုပ်ခဲ့ပါတယ်။
IS အဖွဲ့ဟာ အဲဒီ ဗီဒီယိုကို အသုံးပြုပြီး စိတ်ကြွနေတဲ့ လူငယ်တွေကို သူတို့နဲ့ ပူးပေါင်းလာအောင် မြူဆွယ်နေသလို သူတို့ကို ဆန့်ကျင်တဲ့ လူတွေကို ခြိမ်ခြောက်တဲ့ အနေနဲ့လည်း အသုံးပြုလေ့ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment