မြန်မာ U-23 ဘောလုံး အသင်းကို ကြိုဆိုကြတဲ့ အနုပညာရှင်များ


စင်ကာပူ ဆီးဂိမ်းမှာ ငွေဆု ရယူပေးလာနိုင်တဲ့ မြန်မာU-23 အသင်းကို ပြည်သူတွေ နဲ့အတူ အနုပညာရှင် များကလည်း သွားရောက် ကြိုဆိုခဲ့ကြပါတယ်။ ဒါကြောင့် လည်း အနုပညာရှင် တို့ရဲ့ ကြိုဆို ဂုဏ်ပြုစကားသံ များကို မေးမြန်းဖော်ပြ လိုက်ရပါတယ်။
ကျော်ကျော်ဗို-
“ကျွန်တော် စင်ကာပူမှာလည်း ဖိုင်နယ်ပွဲ သွားအားပေးခဲ့ပါတယ်။ ဘောလုံး ဆိုတာ အပြည်ပြည် ဆိုင်ရာ အားကစား ဆိုတော့ သက်ရောက် မှုအား က ပိုများတာပေါ့။ ကျန် တဲ့ အားကစားသမားတွေ လည်း နိုင်ငံ့ ဂုဏ်ဆောင်ခဲ့တဲ့ လူတွေလည်း အများကြီးပါပဲ။ သူတို့တွေ အားလုံး ကိုလည်း အသိ အမှတ်ပြုပါတယ်။ ချီးကျူးပါတယ်။ ကျန်တဲ့ အဖွဲ့တွေ လည်းကြိုတယ်။ ဘောလုံး အဖွဲ့ကိုလည်း သွားကြိုဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့က ပြည်သူ တစ်ယောက် အနေနဲ့ ကိုယ့်နိုင်ငံ အသင်းကို အားပေးပါ တယ်။ ရွှေဆု ရဖို့ဆိုတဲ့ ကိစ္စကတော့ နေ့ချင်းည ချင်း ဟပ်ချလောင်း ဆိုပြီး ဖြစ်လာတာ မဟုတ်ပါဘူး။ အမြော်အမြင် ကြီးကြီး နဲ့လုပ်မှရမှာပါ။ သူများနိုင်ငံ ကလည်း ရေရှည် ရည်မှန်းချက် ကြီးကြီး နဲ့လုပ်လို့ ရတာပါ။ ကျွန်တော်တို့ အသင်း အနေနဲ့ ဒီလိုအခြေအနေ ထိရောက်သွားတာ ကလည်း ပရိသတ် အင်အားရော၊ ဘောလုံး အဖွဲ့ချုပ်က ဦးဇော်ဇော် ရဲ့ ပံ့ပိုးမှု ကြောင့်ရော၊ ကစားသမားလေးတွေ အနေနဲ့ ပရိသတ်ရဲ့ အင်အားကြောင့် ကြိုးစားချင်တဲ့ စိတ်ဖြစ်ပြီး ဒီအဆင့် ရောက်လာတာပါ”
အောင်ခိုင်
“ဦးအောင်ခိုင် တို့က ကလေး တွေ ဗီယက်နမ် ကိုနိုင်တဲ့ ညမှာ ကတည်းက ကလေးတွေ ဘယ်နေ့ ပြန်လာမလဲ ဆိုပြီး ဘောလုံး အဖွဲ့ချုပ် မှာ သွား စုံစမ်းထား တယ်။ ပြန် လာ ရင်တော့ ဦးအောင်ခိုင်တို့ လင်မယား နှစ်ယောက် စလုံး သွားကြိုရအောင် ဆိုပြီး တိုင်ပင်ထားခဲ့တာပါ။ ကိုယ့် ကလေးတွေက ဆီမီးဖိုင်နယ် ကိုကျော် လွန်ပြီး ဗိုလ်လုပွဲ ကို အောင်အောင် မြင်မြင်နဲ့ ရောက်သွားပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံ အတွက် အနည်းဆုံး ငွေတံဆိပ် ဆုကတော့ သေချာသွားပြီ။ အဲဒီအတွက် ကလေး တွေ ကို လေးလည်း လေးစားတယ်၊ ဂုဏ်လည်း ယူတယ်။ သူများ နိုင်ငံရဲ့ ပံ့ပိုးမှုတွေက တအားကောင်းတဲ့ အပေါ်မှာ ကိုယ့် ကလေးတွေ အပေါ် ပံ့ပိုးမှုအားနည်းနေသေး တယ် လို့ ကိုသန်းတိုးအောင် ကိုယ်တိုင်ကလည်း ဖွင့် ပြောသွားခဲ့ပြီ ဖြစ်တယ်။ ဦးအောင်ခိုင် တို့ ကလေးတွေ အပေါ် မပံ့ပိုးနိုင်တဲ့ အတွက် တကယ်လည်း စိတ်မကောင်း ဖြစ် မိတယ်။ နောက်ပြီး ဗိုလ်လုပွဲမှာ ထိုင်းကို ရှုံးပြီး ဝမ်းနည်းနေတဲ့ မျက်နှာ လေးတွေ ကို ပြန်လည် အားပေးနှစ် သိမ့် တဲ့အနေနဲ့ သွားကြိုမယ် ဆိုပြီး ဦးအောင် ခိုင်တို့ လင်မယား နှစ်ယောက် ဇာတ်ကား ရိုက်တာကို ဖျက်ပြီး ကြိုဆိုပေးခဲ့တာပါ။ အန်တီဝါ ဆိုလည်း ကိုယ့် သားအရွယ် ရှိတဲ့ ကလေးတွေကို ကိုယ့်သားရင်း ပမာစိတ်ထဲ က ထား ပြီး ဂုဏ်ပြုအနမ်း တွေ၊ ပန်းစည်းတွေကို ချီး မြှင့်ခဲ့တယ်။ ဦးအောင်ခိုင် ကိုယ်တိုင်ပဲ ဓာတ်ပုံ ရိုက် ပေးခဲ့တယ်။ သူတို့ကို အခုလို သောင်း သောင်းဖြဖြ ဆီးကြို တာ တွေ့ ရတော့ လည်း သူတို့ကျေနပ်နေမှာပါ”
ဝါဝါအောင်
“ကလေးတွေ အတွက် ဂုဏ်ယူ လွန်းလို့ သွားကြိုတာပါ။ သူများတွေ လို စင်ကာပူနိုင်ငံ အထိ သွားပြီးလိုက် မကြည့်၊ အားမပေးနိုင်ဘူးလေ။ ကလေး တွေက တအား လည်းတော်ကြသလို၊ ဂုဏ်ယူဖို့လည်း ကောင်းပါတယ်။ ယူ -၂ဝ တုန်း ကလည်း သွားကြို မလို့ပါ။ ဒါပေမဲ့ ဇာတ်ကား ရိုက်တာ ဘယ်လို မှ မအားတာနဲ့ သွားမကြို ဖြစ်လိုက် ဘူး။ ဒီကလေးတွေ အတွက်တော့ ကားရိုက်ကို နားပြီး၊ ခွင့်တောင်းပြီး သွားကြိုဖြစ်တယ်။ ဂုဏ်ယူသလို တအားလည်း ပီတိဖြစ်မိတယ်။ ကိုယ့် သားတွေ လို သဘော ထား ပြီး အန်တီ ဝါ သွားကြိုလိုက်တာပါ။ အန်တီဝါက ဘောလုံးအကြောင်းကို သိပ်နား မလည်ပါဘူး။ ဒါပေမဲ့ ကိုယ့်မြန်မာ ရှုံးမှာကိုတော့ မတရား ကြောက် တယ်။ ကန်နေစဉ် မှာလည်း ရင်တုန် ရတယ်။ ထိုင်းနဲ့ ကန်မယ် ဆိုကတည်း က ကိုယ့်မြန်မာဘောလုံး အသင်းရဲ့ အခြေအနေ ကို တချို့တစ်ဝက် သိပြီး သားပါ။ ဒါပေမဲ့ အိမ်မှာ အားပေး လိုက်ရတာ။ လက်တွေနာ၊ အသံတွေ တောင်ဝင်တယ်။ ဗီယက်နမ် နဲ့ ကန် တဲ့နေ့ကတော့ နောက်တစ်ဆင့် တက် ရဖို့အရေး ရင်ခုန် စိတ်လှုပ်ရှားဖို့ အကောင်းဆုံး ပါပဲ။ နိုင်သွား တဲ့ အတွက် ပြောမပြတတ်အောင် ဝမ်း သာခဲ့ရတယ်။ ပြိုင်ပွဲ တစ်ခုမှာ ပြိုင်ပြီ ဆိုကတည်းက ရွှေပဲ လိုချင်တာပေါ့။ တစ်ဖက် အသင်း မှာလည်း အားသာ ချက်တွေ အများကြီး ရှိတယ်။ တစ် ယောက်ချင်း စီလည်း ကောင်းနေကြ တယ်။ ဒါပေမဲ့ အိမ်ရှင် စင်ကာပူ၊ ဗီ ယက်နမ်တို့ကို အနိုင် ကစားနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်။ ဖလားရမှ၊ ရွှေရမှ မဟုတ်ပါဘူး။ ကြိုးစားရကျိုး နပ်ပါတယ်။ ကလေးတွေက ဘာပဲ ပြောပြော ကိုယ့်နိုင်ငံ အတွက် ရေ ကုန်ရေခန်း ကြိုးစားခဲ့ကြတယ်။ ဒီ အဆင့် ထိရောက်အောင် ကြိုးစားခဲ့ ကြတယ်။ ဒီနှစ်မှာ ဒီအဆင့် ထိရောက် ခဲ့တယ်။ နောက်နှစ်တွေမှာ ဘယ် အဆင့်ထိ ရောက်နိုင်မလဲ ဆိုတာကို ပြောလို့မရဘူးပေါ့။ ဒီ့ထက် ကောင်း လာနိုင်တယ်။ ရွှေဆု ယူလာနိုင်တယ်။ အဲဒီကလေးတွေ အတွက်တော့ ပြော မပြနိုင်လောက်အောင် ဂုဏ်ယူလို့ မဆုံးပါ။ ဂုဏ်ယူလွန်း လို့လည်း သွား ကြိုခဲ့တာပေါ့”
ထားထက်ထက်
“စင်ကာပူ ဆီးဂိမ်းမှာ သွား ရောက် ယှဉ်ပြိုင်တဲ့ ယူ- ၂၃ ဘောလုံး သမားတွေက မြန်မာနိုင်ငံ အတွက် ငွေတံဆိပ်ဆု ကို ဆွတ်ခူးပေးနိုင်ခဲ့ သလို ပြည်သူ လုထု ကို လည်း ပျော်ရွှင် ကြည်နူးမှုတွေ အင်မတန်မှ ပေးစွမ်း နိုင်ခဲ့တဲ့သူတွေပါ။ သူတို့ စင်ကာပူမှာ ယှဉ်ပြိုင်နေစဉ် ကလည်း ညီမတို့ အသည်းအသန် အားပေးခဲ့ရ၊ ကြည့် ရှုခဲ့ရ တယ်။ သူတို့ရဲ့ ကြိုးစားမှုတွေကို မြင်တွေ့ခဲ့ရတယ်။ အဲဒီအတွက် သူ တို့ပြန်လာရင်တော့ အနုပညာသမား တစ် ယောက် အနေနဲ့ရော၊ သူတို့ကို ချစ်တဲ့ ပရိသတ် တစ်ယောက် အနေနဲ့ ပါ ကိုယ်တိုင် သွားရောက် ကြိုမယ်လို့ စိတ်ကူး ထားခဲ့တယ်။ ပြန်လာတဲ့နေ့ မှာ ဝမ်းသာ ဂုဏ်ယူစွာနဲ့ပဲ သွားကြို ဆိုခဲ့တာ ဖြစ်ပါတယ်။ ထားထက် ကိုယ် တိုင် ကလည်း အားကစားသမား တစ်ဦးဖြစ်ခဲ့တော့ ကိုယ်ချင်းလည်း စာမိပါတယ်။ အခုလိုလူ အများကြီး နဲ့ကြိုဆိုတာကို တွေ့မြင်ရတော့ သူ တို့ အားလုံးပျော်ရွှင် ရမှာပဲလေ။ ဝမ်း လည်း သာနေကြမှာပဲ။ ယူ- ၂၃ ဘောလုံးသမားတွေမှာ အားနည်းမှု တချို့ ရှိပေမယ့်လည်း ထားထက်တို့ မြန်မာနိုင်ငံ အတွက် ကတော့ အကောင်း ဆုံး အားကစား သမားတွေပါပဲ။ သူတို့ ရဲ့ခြေစွမ်းတွေ ဒီ့ထက်မကကောင်း မွန် လာပြီး နောက်နှစ်တွေမှာ ချန်ပီယံ တွေဖြစ်လာနိုင်ကြပါစေလို့ ထားထက် ဆုတောင်းမိပါတယ်”
ပေါ်ပြူလာအဖွဲ့
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment