ရီယတ် ဇူလိုင် ၁၉
ဆော်ဒီအာရေဗျအာဏာပိုင်များက အိုင်အက်စ်စစ်သွေးကြွအဖွဲ့နှင့် အဆက်အသွယ်ရှိသည့် လူပေါင်း ၄၃၁ ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်သည်။
ယင်းတို့အားဖမ်းဆီးမှုသည် ဆော်ဒီအာရေဗျနိုင်ငံ၏ ရာမာဒန်ဥပုသ်လတွင် အဖျက်အမှောက်လုပ်ရပ်များ လုပ်ဆောင်ရန် ကြံရွယ်ထားသည့် ၎င်းတို့ အစီအစဉ်ကို ပိတ်ပင်တားဆီးလိုက်ခြင်းဖြစ်သည်။
မကြာသေးမီအချိန်ကစပြီး နိုင်ငံအဝန်းတွင် စစ်သွေးကြွများနှင့် ဆက်စပ်မှု ရှိသူများကိုဖမ်းဆီးခဲ့ရာ ယခုဆိုလျှင် ၄၃၁ ဦးခန့်ရှိပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ ဖမ်းမိသူအများစုမှာ ဆော်ဒီအာရေဗျ နိုင်ငံသားများဖြစ်ကြပြီး ကျန်လူများမှာ ယီမင်၊ဆီးရီးယား၊နိုင်ဂျီးရီးယားနှင့် အခြားသော နိုင်ငံများမှ ဖြစ်ကြသည်။
မေလက နိုင်ငံအတွင်းရှိ ဗလီနှစ်ခုဗုံးခွဲတိုက်ခိုက်မှုတွင် ယင်းတို့ပါဝင်ခဲ့သည်ဟု အာဏာပိုင်များက သံသယရှိကြသည်။ ရာမာန်ဒန်ဥပုသ်လတွင် ၎င်းတို့သည် နိုင်ငံအရှေ့ပိုင်းနှင့် ရီယတ်မြို့တော်ရှိ ဗလီများကို ဗုံးခွဲတိုက်ခိုက် ရန် လျှို့ဝှက်ပူးပေါင်းကြံစည်နေကြသည်ဟု ရဲအရာရှိများက ဆိုသည်။
အိုင်အက်စ်စစ်သွေးကြွများက ဆွန်နီလူမျိုးများ ကြီးစိုးသော ဆော်ဒီ အာရေဗျနိုင်ငံတွင် ရှီယာမွတ်စလင်များကို နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက် တိုက်ခိုက်နေသည့်အတွက် လုံခြုံရေးများ တပ်လှန့်ထားရသည်။
ဆော်ဒီအာရေဗျအစိုးရက ၎င်းတို့နိုင်ငံအနေဖြင့် အစ္စလာမ္မစ်စစ်သွေး ကြွများကို ပြင်းပြင်းထန်ထန်ချေမှုန်းလျက်ရှိသည်ကို ကမ္ဘာသိအောင်ပြသရန် ဆန္ဒပြင်းပြနေကြောင်း လေ့လာသူများကဆိုသည်။
အင်န်အိတ်ခ်ျကေ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment