နိုင်င်ငံကိုပြောင်းလဲဖို့အချိန်ရောက်နေပြီ လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အပြောင်းအလဲ ကို ဒေါ်အောင်ဆန်းစုကြည် တောင်းဆို 
 တနင်္ဂနွေ နေ့ မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံကို ပြောင်းလဲဖို့အချိန်ရောက်နေပြီ လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၈ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောကြားလိုက်တာဖြစ်ပြီး အပြောင်းအလဲတွေ တကယ်မဖြစ် သရွေ့မြန်မာပြည်သူ လူထု အနေနဲ့ အရင် အတိုင်း ဆင်းရဲမြဲ ဆင်းရဲ နေကြရဦးမှာ လို့လည်း သူ က ပြောပါတယ်။

မြန်မာနိုင်ငံ ရဲ့ အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ NLD ပါတီ ဟာ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပြီး အဲဒီရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ မျှော်မှန်းထားပါတယ်။

ဒါပေမဲ့လည်း လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အရ စစ်တပ် က အာဏာ အများစု ကို လွှမ်းမိုးချုပ်ကိုင်နေတာတွေကြောင့် အထွေထွေရွေးကောက်ပွဲ ပြီးရင်လည်း မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ပေါ်ဖို့ အရေး က မသေချာဘူး လို့ ဆိုတဲ့ သုံးသပ်မှုတွေ လည်း ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment