ဆိုင်းနိုင်းစစ်ဆေးရေးဂိတ် အကြမ်းဖက်တိုက်ခိုက်


 ကိုင်ရို ဇူလိုင် ၁၉

 အီဂျစ်နိုင်ငံ ဆိုင်နိုင်းမြောက်ပိုင်း စစ်ဘက်စစ်ဆေးရေး ဂိတ်တစ်ခု၌ စနေနေ့ က စစ်သွေးကြွများ တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး တပ်ဖွဲ့ဝင်ငါးဦး သေဆုံးကာ အခြားခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ မီနာက သတင်းဖော်ပြသည်။

အဆိုပါ စစ်ဆေးရေး ဂိတ်သည်ရှိတ်ဇူဝိမြို့အနီး၌ တည်ရှိပြီးအကြမ်းဖက် သမားများက သေနတ်များ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ယင်းစစ်ဆေးရေးဂိတ်ကို ဖွင့်နေဆဲအချိန်မှာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုသည် ယင်း တို့ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်သစ္စာခံ ဆိုင်းနိုင်းပြည်နယ် အယ်လ် ခိုင်ဒါအဖွဲ့က ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ဆိုင်းနိုင်းမြောက်ပိုင်းနှင့်ကိုင်ရိုမြို့အပါအဝင် အခြားပြည်နယ်များ မကြာသေးမီက တိုက်ခိုက်မှုများဖြစ်ပွားပြီး နောက်ရက် ပိုင်းအကြာ ပေါ်ထွက်လာခြင်းဖြစ်သည်။ဇူလိုင် ၁၁ ရက်ကလည်း ကိုင်ရို မြို့လယ် အီတလီကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် ကားဗုံးခွဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးပြီး အခြားကိုးဦးဒဏ်ရာရခဲ့သည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment