အာဖဂန်နစ္စတန် အနောက်ပိုင်းတွင် အထက်တန်းကျောင်းသူ ၁၀၀ ကျော် အဆိပ်သင့်မှု ဖြစ်ပွား


၂၀၁၃ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ဂတ်စ် အဆိပ်သင့်မှုကို ခံစားခဲ့ရသော အာဖဂန် ကျောင်းသူတစ်ဦး (ဆင်ဟွာ)
    ဟီရတ်၊ အာဖဂန်နစ္စတန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

    အာဖဂန် နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်မြို့ရှိ အထက်တန်း ကျောင်းတစ်ကျောင်းတွင် တနင်္လာနေ့ မနက်ပိုင်း၌ ကျောင်းသူ ၁၀၀ ကျော် မူးဝေပြီး အများစုက သတိလစ်နေသဖြင့် ဆေးရုံ တင်လိုက်ရကြောင်း ဒေသဆိုင်ရာ ဆေးရုံက ပြောရေး ဆိုခွင့်ရှိသူ ရက်ဖစ် ရှာဇိုင် က ဆင်ဟွာကို ပြောသည်။

ယင်းမတော်တဆမှုသည် ဂတ်စ်  အဆိပ်သင့် မှုဟု ယူဆရပြီး ထိုမြို့၏  Shahrak-e-Jibrahil နယ်မြေတွင် ဖြစ်ပွားခဲ့သည်။ ရဲများကတော့ မတော်တဆမှု၏ နောက်ကွယ်က အကြောင်းအရာကို စုံစမ်း ရှာဖွေနေကြောင်း သိရသည်။

ယခင်ကလည်း မိန်းကလေး ပညာသင်ကြားရေးအား ဆန့်ကျင်သော အဖွဲ့များသည် အလားတူ တိုက်ခိုက်မှုမျိုး အတွက် အပြစ်တင် ခံခဲ့ရဖူးသည်။

 (Xinhua)
http://xinhuamyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment