အဖိုးအဖွားတွေ အနေနဲ့ ကိုယ့်မြေးတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မလုပ်သင့်တဲ့ အရာများ


အဖိုးအဖွားဆိုတာ အိမ်တစ်အိမ်အတွက် အလေးထားရတဲ့သူတွေပါ။ အသက်ကြီးလေ အရာမ၀င်တော့ဘူးလို့ ထင်မြင်နေကြပေမယ့် တကယ်တော့ အိမ်တစ်အိမ်အတွက်တော့ အဖိုးအဖွာတွေဟာ သံယောဇဉ်အသိုက်အမြုံလေးတစ်ခုကို  ပါဝင်တည်ဆောက် နေကြသူတွေ ဖြစ်သလို မြေး၊ မြေးမလေးတွေအတွက်လည်း အဖိုးအဖွားဟာ စံပြပုဂ္ဂိုလ်တွေ ဖြစ်နေပြန်ပါတယ်။
၁။ဆိုရှယ်မီဒီယာပေါ် မြေးတွေ မိသားစုတွေအကြောင်း တင်ချင်တာတင်ခြင်း
များသောအားဖြင့် အဖိုးအဖွားအရွယ်တွေဟာ အင်တာနက်ဘယ်လိုသုံးရတယ် ဆိုရှယ်နက်ဝက်ခ်တွေကို ဘယ်လိုသုံးရတယ်ဆိုတာ မသိကြတာများပါတယ်။ ဒီတော့ အကောင့်ဖွင့်ပေးလိုက်တာနဲ့ ဘာမှန်းသေချာမသိပဲ မြေးပုံတွေတင်တာ၊ ရေးချင်ရာရေးတင်တာမျိုးတွေအပြင် မြေးရဲ့ဖေ့စ်ဘွတ်ခ်မှာ ကွန်မန့်တွေ အတင်းဝင်ပေးတာမျိုးတွေ မလုပ်သင့်ပါဘူး။ တကယ်သုံးချင်တယ်ဆိုရင် ကိုယ့်သားသမီးတွေဆီက သေချာပြောပြပြီး သုံးသင့်ပါတယ်။ အဖိုးအဖွားအရွယ်တွေ ဖေ့စ်ဘွတ်ခ်သုံးတာဟာ အန္တရာယ်အရမ်းများတာမို့ သတိထားရမယ့် အရာတွေ ရှိနေပါတယ်။
၂။မြေးတွေကို ကိုယ့်အတွေး ကိုယ့်နည်းလမ်းအတိုင်း အတင်းအကျပ် ပြုလုပ်စေခြင်း
ကိုယ်ကြီးပြင်းခဲ့တဲ့ အချိန်ကာလတွေနဲ့ ခုအခြေအနေ ကွာဟချက်တွေကို သတိမပြုမိပဲ ကိုယ်ဖြစ်စေချင်တာတွေကို မြေးတွေကို အတင်းအကြပ် လုပ်ဆောင်ပြောဆိုလို့မရပါဘူး။
၃။သားသမီး၊ သားမက်၊ ချွေးမမကောင်းကြောင်း မြေးတွေကို ပြောဆိုခြင်း
ဘယ်ကလေးကမှ နင့်အဖေ က မကောင်းဘူး၊ နင့်အမေက ဘယ်လိုဆိုတာ ကြားချင်မှာ မဟုတ်ပါဘူး။ ဒီလို ကလေးရှေ့မှာ ကိုယ်မကျေနပ်တာတွေကို ဝေဖန်ပြောဆိုနေရင် ကလေးစိတ်ထဲ ကိုယ့်အပေါ် အမြင်စောင်းသွားနိုင်ပါတယ်။ အဲ့ထက်ပိုဆိုးတာက ကလေးတွေစိတ်ထဲ အနာတရပါ ဖြစ်သွားစေတတ်ပါတယ်။
၎။မြေးတွေကို ခြိမ်းခြောက်ပြောဆိုတာမျိုးတွေလုပ်ခြင်း
အဖွားက အဖိုးက နောင်တစ်နှစ်လောက်ဆို သေရတော့မှာမို့လို့ မြေးအနေနဲ့ ဘာလုပ်ပေးရင်ကောင်းမယ် ဆိုတာမျိုး မလုပ်ပေးရင် ဘာဖြစ်မယ်ဆိုတာမျိုးတွေကိုလည်း မြေးတွေကို မပြောသင့်ပါဘူး။
၅။ချစ်တဲ့အကြောင်း ပြောရမယ့်အစား အမြဲတစ်ဗြစ်တောက်တောက် ပြောဆိုခြင်း
တကယ်တော့ ကိုယ့်မြေးတွေကို မချစ်တဲ့ အဖိုးအဖွားရယ်လို့တော့ မရှိပါဘူး။ ဒါကို ဖွင့်ဟမပြောပဲ နေသူတွေသာ ရှိပါတယ်။ ဒီလို ဖွင့်ဟမပြောရင်တောင် တစ်ဗြစ်တောက်တောက် ပွစိပွစိ ပြောဆိုတတ်တဲ့ အကျင့်လေးကိုတော့ ဖျောက်ပစ်သင့်ပါတယ်။ ခုလိုဆိုရင် ကလေးတွေက ကိုယ့်အပေါ် ပိုသံယောဇဉ်တိုးလာပါလိမ့်မယ်။
၆။မိဘတွေ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ကလေးတွေဘက်ကလိုက်ပြီး ဖောက်ဖျက်ပေးခြင်း
ကလေးတွေကို သူတို့မိဘတွေက စည်းမျဉ်းစည်းကမ်းတွေနဲ့ အုပ်ချုပ်တဲ့အခါ ကိုယ်က မြေးလေးတွေအတွက် ၀င်ပြီး ခိုးလုပ်ပေးတာ၊ ကူလုပ်ပေးတာ၊ သူတို့ဖောက်ဖျက်တဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုပေးတာမျိုး မလုပ်သင့်ပါဘူး။
၇။မြေးတွေကို သူတို့မိဘတွေအတိုင်း ဖြစ်ရမယ်လို့ မျှော်လင့်နေခြင်း
ကိုယ့်သားသမီးတွေက တော်လို့ ထူးချွန်လို့ သူတို့ကလေးတွေကျရင်လည်း ခုလိုဖြစ်ရမယ်လို့ အဖိုးအဖွားတွေ အနေနဲ့ ပုံသေမျှော်မှန်းလို့မရသလို ပုံသွင်းဖို့ရာလည်း ခက်ခဲပါတယ်။
၈။ကိုယ့်မြေးတွေရဲ့ အချစ်ရေးကို ၀င်ရောက်စွက်ဖက်ခြင်း၊ စနောက်ခြင်း
အရွယ်ရောက်လာတဲ့ မြေးတွေ မြေးမတွေ ရှိလာတဲ့အခါ သူတို့ရဲ့လုပ်ဆောင်ချက်တွေ ပြုမူပုံတွေကြည့်ပြီး ရည်းစားရနေပြီမလား၊ ကောင်မလေးက ချောလားစသဖြင့် အတိအကျလိုက်မေးတာ၊ စပ်စုတာမျိုးတွေ ရှောင်ပါ။ ဒီလိုလုပ်လေလေ သူတို့က သူတို့ရဲ့ခံစားချက်ကို ဝေမျှဖို့ တွန့်ဆုတ်လေလေပါပဲ။
၉။ကလေးတွေရှေ့မှာ သား၊ သမီးတွေကို ဆူပြခြင်း မေးခွန်းတွေ မနားမနေထုတ်ပြခြင်း
တစ်ခါတစ်လေ အဖိုးအဖွားတွေဟာ အိမ်တစ်အိမ်မှာ သူတို့ role ကျမှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။ ကလေးတွေရဲ့ အဖေ အမေ ကို ဆူလိုက်မယ်၊နိုင်ပြလိုက်မယ်ဆိုရင် ကလေးတွေကိုယ့်ကို ပိုရိုသေလာမယ်လို့ ထင်ကြပါတယ်။ ဒါဟာ အမှားကြီးတစ်ခုပါ။ ကလေးတွေက သူတို့မိဘတွေကို ဒီလိုလုပ်လေလေ သင့်ကို ပိုကင်းကွာအောင် နေလေပါပဲ။
Ref:popsugar
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment