ဝါတွင်းအလှူပွဲအတွင်း အစိုးရတပ် လက်နက်စုံဖြင့် ပစ်ခတ် ၁ ဦးသေ ၆ ဦးဒဏ်ရာရ


ဓါတ်ပုံ- ကျည်ထိမှန်သဖြင့် တောင်ကြီးမြို့စ၀်စံထွန်းဆေးရုံ သို့ရောက်ရှိလာ သည့်ဒေသခံတဦး
 စက်တင်ဘာလ ၁၃ ရက် ၂၀၁၅

 စက်တင်ဘာ ၁၃ ရက်တွင်ကျရောက်မည့် ဝါခေါင်လကွယ်နေ့ ဥပုပ်နေ့ အလှူအတွက် လွယ်လင်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းတွင် ဆွမ်းဟင်း ချက်ရန် ဝိုင်းကူနေကြသောရွာသား များထံ အစိုးရစစ်ကြောင်းမှ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ၁ ဦးသေကာ ၆ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း ဒေ သတွင်း သတင်းရပ်ကွက်ကဆိုပါသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က လွယ်လင်မြို့နယ် မိုင်းပွန်တောင်ဘက် ၁၈ မိုင်ခန့်အကွာရှိ နောင်လိုင် အုပ်စု နောင်ပါတက်ရွာဘုန်းကြီးကျောင်းအတွင်း ဆွမ်းဟင်းချက်ရန်ရောက်ရှိ နေ ကြသော ရွာသားများထံသို့ လှုပ်ရှားသွား လာနေသော အစိုးရစစ်တပ်က လက် နက်ကြီးငယ် မျိုးစုံဖြင့်ပစ်ခတ်သဖြင့် ရွာသူတဦး ပွဲချင်းပြီးသေကာ ရွာသား ၆ ဦး ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း ဒေ သခံ စိုင်းလုံ ကပြောသည်။

“၁၂ ရက်နေ့ မနက် ၁၁ နာရီလောက်ကပါ။ ရွာသားတွေ ဆွမ်းဟင်းချက်ဖို့ပြင် ဆင်နေတုန်း လက်နက်ကြီးကျည်ကျလာတယ်။ သေနတ်တွေနဲ့ပစ်ခတ်ခံရလို့ ပါကြာ ဆိုတဲ့ အသက် ၆၀ အရွယ်အဖွားကြီး လက်နက်ကြီးကျည်ထိပြီး ပွဲချင်းပြီးသေတယ်။ ” - ဟု ဆိုပါသည်။

လုံးတောင် (၄၀နှစ်) ဆိုသူမှာ ညာဘက်လက်နှင့် ခြေထောက် ပြတ် သွားကြောင်း ၊ စိုင်းဆန်ဆွေ (၃၀ နှစ်) မှာ ဝမ်းဗိုက်တွင် ကျည်စထိ မှန် ကြောင်း၊ နန်းခမ်းမိုး (၃၀ နှစ်) မှာ လက်တွင်ထိမိပြီး၊ စိုင်းအိုက်ဖေ မှာ ခြေထောက်တွင် ဒဏ်ရာရရှိကြောင်း၊ စိုင်းမေးမှာ တကိုယ်လုံးတွင် ကျည်စ ထိမှန်ကြောင်း ဒေသခံရွာသားများက ရှင်းပြသည်။

“ဒဏ်ရာရတဲ့သူတွေကို တောင်ကြီးစဝ်စံထွန်း ဆေးရုံကိုပို့ဆောင်ထားတယ်။ ပစ်ခတ်မှုကြောင့် လန့်ကုန်ကြလို့ ဒဏ်ရာရတဲ့သူနားကိုဘယ်သူမှမကပ်ရဲလို့ ဒီနေ့မှ တောင်ကြီးဆေးရုံ ကိုရောက်တာ။” - စိုင်းခွန်ဆန် ကရှင်းပြသည်။

အဆိုပါဖြစ်ပွါးမှုကိစ္စ ဟုတ်မှန်ကြောင်း၊ ဖြစ်ပွါးခဲ့သည့်တိုင်ကြားမှု သတင်း အချက်အလက်များ လည်းရရှိထားကြောင်း ဆက်လက်၍ စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း RCSS ၏ တောင်ကြီး ရုံးအရာရှိ တဦးကပြောသည်။

အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့သည် ပြီးခဲ့သ ည့် ၇ ရက်နေ့ ကပင် တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ အစိုးရဘက်က ၃ ဦးကျကာ ၄ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။ ယခုကဲ့သို့ဖြစ်ပွါးခြင်းသည် ငြိမ်းချမ်းရေး အတွက် အဟန့်အတားကြီး ဖြစ်စေ ကြောင်း ၊ အစိုးရတပ်၏ နယ်မြေစိုးမိုးရေး နယ်မြေရှင်းလင်းရေးလှုပ်ရှားမှုကြောင့်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ဘက်ကပြောပါသည်။

RCSS/SSA သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ေ ဆာက်နေ သည့်အဖွဲ့ ဖြစ်ပြီး တပြည်လုံးအပစ်ရပ်ရေးလက်မှတ်ရေးထိုးရန် အတွက် သဘောတူထား သည့်အဖွဲ့ဖြစ် ပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment