ဆီးရီးယား တွင် စည်ပိုင်းဗုံးများ ကြဲချပုံ မျက်မြင်သက်သေများ ရိုက်ကူးထားသည့် ရုပ်သံ

ဆီးရီးယားနိုင်ငံရဲ့ အစိတ်အပိုင်း အတော်များများမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က စည်ပိုင်းဗုံးတွေ ကြဲချခံရပုံကို မျက်မြင်သက်သေတွေက ရိုက်ကူးထားတဲ့ ရုပ်သံတွေ အင်တာနက်ပေါ် ရောက်လာပါတယ်။
မြို့တော် ဒမတ်စကတ် ဆင်ခြေဖုံးက ဒါရာယာမြို့နဲ့ နိုင်ငံတောင်ပိုင်းက ဒါရာမြို့တွေမှာ တိုက်ခိုက်တာ ခံခဲ့ရတာပါ။
ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ် အစိုးရက ဒါမျိုး တိုက်ခိုက်မှု မလုပ်ဘူးလို့ ပုံမှန် ငြင်းခဲ့တာပါ။
ဒါပေမယ့် အနောက်အင်အားကြီး နိုင်ငံတွေကတော့ အစိုးရတပ်မှသာ ဒါမျိုး စွမ်းဆောင်နိုင်ရည် ရှိတယ်ဆိုတဲ့ အချက်ကို ကိုင်စွဲထားပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေ ထည့်ထားတဲ့ ကုန်သေတ္တာတွေ၊ စည်ပိုင်းတွေကို ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ချတဲ့ စည်ပိုင်းဗုံးတွေကြောင့် မနှစ်က အလက်ပိုမြို့မြောက်ပိုင်းမှာ အရပ်သား အယောက် ၃၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) က ဆိုပါတယ်။
လောလောဆယ်မှာတော့ နိုင်ငံအလယ်ပိုင်း ဟုမ်းမြို့မှာ ဟုမ်းလွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့လို့ခေါ်တဲ့ အုပ်စုက ပတ်ဝန်းကျင်ဒေသ အားလုံးကို ထိန်းချုပ်မယ်လို့ ကတိပြုထားပါတယ်။
အစိုးရရဲ့ စစ်ဆင်ရေးအခန်းကို ချိန်ရွယ်ပြီး ဒုံးကျည် အချက်ရေ အတော်များများ ပစ်ခတ်ရင်း သူပုန်တဦးက ခရိုင်တွေနဲ့ ရွာတွေအားလုံးကို လွတ်မြောက်အောင် လုပ်မယ်လို့ ပြောပါတယ်။
ဒီမြို့ဟာ ၂၀၁၄ ခုနှစ် မေလက အစိုးရစစ်တပ်က ပြန်သိမ်းမှု မတိုင်ခင်ထိ အကြီးစား အတိုက်အခံ ခြေကုပ်စခန်းပါ။
ခုတော့ ရပ်ကွက်တခုသာ အတိုက်အခံတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ကျန်ပါတော့တယ်။
ဆီးရီးယား ပြည်တွင်းစစ်အပေါ် သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတုန်း ခုလို တိုက်ခိုက်မှု ဖြစ်လာတာပါ။
စက်တင်ဘာ ၂၈ ရက်နေ့က  အမေရိကန်သမ္မတ ဘားရတ် အိုဘားမားဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း တွေ့ဆုံဖို့ ရှိပါတယ်။
ဆီးရီးယားနဲ့ ယူကရိန်းအရေးတွေက ညီလာခံအတွင်း ထိပ်တန်းလုပ်ငန်းစဉ်ထဲမှာ ပါဝင်ပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment