အစိုးရတပ်ပစ်ခတ်မှုကြောင့် စဝ်စံထွန်းဆေးရုံရောက် မိုင်းပွန်ဒေသခံ အသက်အန္တရာယ်စိုးရိမ်


ဓါတ်ပုံ- ပြတ်လုနီးပါး ခြေနှင့်လက်တဖက်စီကို ဆေးကုသမှုခံယူနေသော စိုင်းတောင် ခေါ် စိုင်းတ
စက်တင်ဘာလ ၁၄ ရက် ၂၀၁၅

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင်တွင် အစိုးရတပ်မတော်မှ လက်နက်ကြီး ငယ်ဖြင့် ပစ်ခတ်ခဲ့မှု ကြောင့် ဒဏ်ရာရသူများ အနက် တောင်ကြီး မြို့ စ၀်စံ ထွန်းဆေး ရုံရောက် စိုင်းတောင် ခေါ် စိုင်းတ မှာ ခြေ၊ လက်တဖက်စီ ပြတ် လုနီးပါးဖြစ်နေပြီး ဒဏ်ရာ ပုပ်ပွနေပြီဖြစ်သောကြောင့် စိုးရိမ်နေရသည့် အခြေအနေတွင်ရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းတဦးကပြောပါသည်။

လွိုင်လင်မြို့နယ် ၊မိုင်ပွန် မြို့နှင့် ၁၈ မိုင်ကွာဝေးသော နောင်လိုင်ကျေးရွာ အုပ်စု ၊ နောင်ပါတက် ရွာဦး ဘုန်းကြီးကျောင်းတွင် ဥပုတ်နေ့ အတွက် ဆွမ်း ဟင်း ချက်နေသော ရွာသားများအား အစိုးရတပ်မတော် မှ စက်တင်ဘာ ၁၂ ရက်နေ့က လက်နက်ကြီး ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ တဦးသေဆုံးပြီး ဒဏ်ရာရရှိ သူ ၆ ဦးအနက် ခြေလက်တဖက်စီ ပြတ်လုနီးပါးဖြစ်နေသော စိုင်းတောင် ခေါ် စိုင်းတ မှ ၁၃ ရက်နေ့က တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ရောက်ရှိခဲ့ပါ သည်။

“ဆွမ်းဟင်းအတွက် ကျနော်တို့အသားငါးတွေလှီးနေတဲ့အချိန် အဝေးကနေ ဗုံးနဲ့လှမ်းပစ်တော့အားလုံးထွက်ပြေးကြတယ်။ အဲ့မှာ စိုင်းတောင် တယောက် ဘဲ ကျန်ခဲ့တော့ တပ်မတော်သားတွေက အဲ့ဒီကဓါးနဲ့ ၀ိုင်းခုတ်ကြတယ်။ ညာဖက်ခြေထောက်နဲ့ ညာဖက်လက်ပြတ်သွားတယ် ။ မိုင်းပွန်ဆေးရုံ ကမနိုင် တော့လို့ ကျနော်တို့ တောင်ကြီးစ၀်စံထွန်းဆေးရုံကို လာပို့ကြ တာပါ။ ကျန်တဲ့ ၅ ယောက် ကတော့ မိုင်းပွန်ဆေးရုံမှာရှိတယ်”- ဟု ပစ်ခတ်ခံရမှုဖြစ် စဉ်တွင် ပါဝင်ကြုံတွေ့ခဲ့ရသည့် ဒေသခံ တဦးက ပြောသည် ။

အင်အား (၄၀)ခန့်ရှိသည့် လွိုင်လင်တပ် ခလရ (၁၂) မှဝင်ရောက်ပစ်ခတ် ခဲ့သည်ဟု သိရသည်။

အဆိုပါဒေသအတွင်းလှုပ်ရှားနေသည့် RCSS/SSA စစ်ကြောင်းအား အစိုးရတပ်က လိုက်လံတိုက် ခိုက်ချေမှုန်းကာ နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေးစီမံချက်ကြောင့် ဒေသခံလူထုတို့ ယခုကဲ့သို့ စစ်ဘေး စစ်ဒဏ်ခံနေရခြင်းဖြစ်ပါသည်။

RCSS / SSA နှင့် အစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် အဖွဲ့ ဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်နေသည့် အဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment