ဖန်သားကြမ်းခင်းနဲ့ ခြောက်ခြားဖွယ်ရာ ကြိုးတံတားကို တရုတ်နိုင်ငံမှာ ဖွင့်လှစ်

တရုတ်အမည် Haohan Qiao ၊ အင်္ဂလိပ်လို Brave Men’s Bridge လို့ ခေါ်တဲ့ ဖန်သားကြမ်းခင်း ကြိုးတံတားကို တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
မီတာ ၃၀၀ ကျော်ရှည်လျားတဲ့ ဒီကြိုးတံတားဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ Shiniuzai အမျိုးသားပန်းခြံအတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။ ပေပေါင်း ၅၉၀ အမြင့်မှာ ကြိုးဆိုင်းတည်ဆောက်ထားတဲ့ တံတားကြမ်းခင်းကို ဖန်သားနဲ့ ပြုလုပ်ထားတာကြောင့် ဖြတ်သန်းသူတွေဟာ သူတို့ ခြေထောက်အောက်က ထိတ်လန့် တုန်လှုပ်စရာ မြင်ကွင်းကို မြင်ရမှာဖြစ်ပါတယ်။
Haohan Qiao, a glass-bottomed suspension bridge in China's Shiniuzhai National Park.
So, yeah ... no: China's newest glass-bottomed attraction is a mountain-linking suspension bridge at a geological in the Hunan province. (Photo: ChinaFotoPress/Getty Images)
တံတားပုံစံဟာ ထိတ်လန့် ကြောက်ရွံ့ စရာဖြစ်ပေမယ့်၊ ဒီကြိုးတံတားတည်ဆောက်သူတွေကတော့ လုံးဝ ဘေးကင်းစိတ်ချမှု ရှိတယ်လို့ ဆိုပါတယ်။ တံတားကြမ်းခင်းမှာ သုံးထားတဲ့ ဖန်သားအချပ်တိုင်းဟာ သာမန်ဖန်သားထက် ၂၄ မီလီမီတာ ပိုထူပြီး ၂၅ ဆ ပိုမို မာကျောတယ်လို့ ဆိုပါတယ်။
“ လည်ပတ်သူတွေ တက်ခုန်ရင်တောင်၊ ကျွန်တော်တို့ ဆောက်ထားတဲ့ တံတားက ခံနိုင်ရည်ရှိပါတယ်” လို့  ဒီတံတားကို ဆောက်လုပ်ခဲ့တဲ့ အလုပ်သမားတစ်ဦးက ပြောပြပါတယ်။ ဖန်သားတံတားကို ကျားကန်၊ ဖုံးအုပ်ထားတဲ့ စတီးဖရိန်ဟာ အရမ်းမာကျောပြီး ထူထဲစွာ ဆောက်လုပ်ထားတာဖြစ်တာကြောင့် ဖန်ချပ် တစ်ချပ်ကွဲခဲ့ရင်တောင်၊ ခရီးသွားပြည်သူတွေအနေနဲ့ မပြုတ်ကျနိုင်ဘူးလို့ သိရပါတယ်။
Haohan Qiao, a glass-bottomed suspension bridge in China's Shiniuzhai National Park.
Oh you know, just your average Sunday constitutional. (Photo: ChinaFotoPress/Getty Images)

Haohan Qiao တံတားဟာ မူလက သစ်သားတံတား တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ပန်းခြံက တံတားကြမ်းခင်းမှာ ဖန်သား အကန့် လေးတစ်ခုကို စတင် စမ်းသပ်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ယခုနှစ် အစောပိုင်းမှာတော့ ဒီတံတားကို ဖန်သားတံတားအဖြစ် လုံးဝပြောင်းလဲပစ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပထမဆုံး ဖန်သားလုံးလုံးသုံးကြိုးတံတားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Ref: CNN
ye wint
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment