ဗြိ​တိ​သျှ​ဆယ်​ကျော်​သက်​ကို ​ထောင်​ဒဏ်​တ​သက်​ချ
မန်​ချက်​စ​တာ​တ​ရား​ရုံး
ဩ​စ​တေ​လျ​နိင်​ငံ​က ​အန်း​ဇက်​ချီ​တက်​ပွဲ​မှာ ​ရဲ​တပ်​ဖွဲ့​ဝင်​များ​ကို​ခေါင်း​ဖြတ်​သတ်​ရန်​ကြံ​စည်​မှု​ဖြင့် ​အ​သက်၁၅ ​နှစ်​သာ​ရှိ​သေး​တဲ့ ​ဗြိ​တိန်​ဆယ်​ကျော်​သက်​ယော​ကျာ​င်္လေး​တစ်​ဦး ​ကို ​မန်​ချက်​စ​တာ​တ​ရား​ရုံး​က ​တ​သက်​တ ​ကျွန်း​ပြစ်​ဒဏ် ​ချ​မှတ်​လိုက်​ပါ​တယ်။
ပြစ်​ဒဏ်​အ​ရ​တ​ရား​ခံ​ဟာ ​နောက်၅​နှစ်​အ​တွင်း ​မည်​သည့်​အ​ယူ​ခံ​မှ​ဝင်​ခွင့်​မ​ရှိ ​အ​ကျဉ်း​ထောင်​ထဲ​မှာ​နေ​ရ​မှာ​ဖြစ်​ပြီး၊ ၅​နှစ်​ပီး​မှ​သာ​အ​ယူ​ခံ​ကို​တ​ရား​ရုံး​က ​စဉ်း​စား​မှာ​ဖြစ်​တယ်။ ​သူ​ဟာ​အ​ကြမ်း​ဖက်​ရန်​ကြံ​စည်​မှု​ဖြင့် ​ပြစ်​ဒဏ် ​ချ​မှတ်​ခံ ​ရ​တဲ့​အ​သက် ​အ​ငယ်​ဆုံး​ဗြိ​တိန်​နိုင်​ငံ​သား​များ​ဖြစ် ​ပါ​တယ်။ ​ဩ​စ​တေး​လျ​က ​မွတ်​စ​လင်​အ​စွန်း​ရောက်​တစ်​ဦး​ထံ​ကို​သူ့​ရဲ့​အ​ကြမ်း​ဖက် ​အ​စီ​အ​စဉ် ​အ​သေး​စိတ်​ကို ​အွန်​လိုင်း​က​နေ​မက်​ဆေ့ခ်ျ​အ​မြောက်​အ​များ​ပို့​ခဲ့​တယ်​လို့​တ​ရား​ ရုံး​က​ထုတ်​ပြန်​ခဲ့​ပါ​တယ်။
ဘ​လက်​ဘန်း​မှာ​ရှိ​တဲ့​သူ့​ရဲ့​နေ​အိမ်​ကို​ရဲ​တပ်​ဖွဲ့​က​ရှာ​ဖွေ​တဲ့​အ​ ချိန်​မှာ ​အ​စ္စ​လာ​မစ်​စ​တိတ်​စာ​တန်း​ထွင်း​ထား​တဲ့​သစ်​သား​သေ​တ္တာ​တစ်​လုံး ​ကို​တွေ့​ရှိ​ခဲ့​ပါ​တယ်။ ​ပ​ထ​မ​က​မ္ဘာ​စစ်​အ​တွင်း​မှာ​ပါ​ဝင်​တိုက် ​ခိုက် ​ခဲ့​တဲ့ ​ဩ​စ​တျေး ​လျ​စစ်​သား​များ​ကို​ဂုဏ်​ပြု​သည့်​အ​နေ​ဖြင့် ​နှစ်​စဉ်​ဧ​ပြီ​လ ၂၅​ရက်​နေ့​ရောက်​တိုင်း ​ဩ​စ​တေး​လျ​နိုင်​ငံ​မဲလ်​ဘုန်း​မြို့​မှာ ​အန်း​ဇက်​နေ့ Anzac Day ​ချီ​တက်​ပွဲ​ကို​ပြု​လုပ်​လျက်​ရှိ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
Share on Google Plus
About Editor
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
0 comments:
Post a Comment