ခြေထောက်အကြီးဆုံး လူသား

အေသင်အောင်
             ဗင်နီဇွဲလား နိုင်ငံသား ဟာနန်ဒက်ဇ်သည်  ကမ္ဘာ့အကြီးဆုံး ခြေထောက်ပိုင်ရှင် အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပြီ ဖြစ်သည်။ အသက် (၂၀) နှစ်အရွယ်ရှီ ဟာနန်ဒက်ဇ်၏ ညာဘက် ခြေထောက်သည် ( ၄၀ ဒသမ ၁) စင်တီမီတာ ရှိပြီး ဘယ်ဘက် ခြေထောက်သည် (၃၉ ဒသမ ၆ ) စင်တီမီတာ ရှိသည်။ထို့ကြောင့် ဗြိတိန်တွင် သတ်မှတ်ထားသည့် ဖိနပ်ဆိုက်ဒ် အရ (၃၂) ကို စီးရမည် ဖြစ်သည်။ ဟာနန်ဒက်ဇ်သည် အရပ် (၇ ပေ၊ ၃ လက်မ ) အထိ ရှိသည်။ ဟာနန်ဒက်ဇ်၏ ခြေထောက်တွေ ကြီးထွားလာမှုသည် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။  အသက် (၁၀) နှစ်အရွယ် အထိ ပုံမှန် ဖြစ်သော်လည်း နောက်ပိုင်းတွင် ခြေထောက်က တဖြည်းဖြည်း ကြီးလာခြင်း ဖြစ်သည်။  ထို့နောက် တစ်နှစ် အတွင်း ဆိုက်ဒ် (၅ ဒသမ ၅) မှ ဆိုက်ဒ် (၁၁)အထိ ဖြစ်လာသည်။  ဟာနန်ဒက်ဇ်သည် ဘတ်စကက် ဘောကစားနည်း ကို ၀ါသနာပါသူ ဖြစ်သော်လည်း ကလေးငယ်များနှင့် ဆော့ကစားပါက ကြီးမားသည့် ခြေထောက်နှင့် မမျှတမှုများ ဖြစ်နေသည်ဟု သိရသည်။
            ဟာနန်ဒက်ဇ်က မိမိသည် အသက် (၁၄) နှစ်အရွယ်မှ စတင်ပြီး အဟြေင်းအလဲများ ဖြစ်ခဲ့ကြောင်း၊ ခြေထောက်မှာလည်း ပုံစံ အမျိုးမျိုး ဖြစ်နေခြင်းကြောင့် အခက်အခဲများ ကြုံခဲ့ရကြောင်း၊ ဖိနပ်စီးရာတွင် အခြားသူများ၏ ဟြေဆိုမှုကို ခံခဲ့ရကြောင်း၊ ကျောင်းတက်ရာတွင်လည်း ခွဲခြား ဆက်ဆံ ခဲ့ရကြောင်း၊ သို့သော်လည်း မိမိ အနေဖြင့် မိခင်ဖြစ်သူ၏ တိုက်တွန်းမှုနှင့် အကောင်းဆုံး  ဖြတ်သန်း ခဲ့ကြောင်း ဟြေကြား ခဲ့သည်။  ဟာနန်ဒက်ဇ်၏ မိခင်ကလည်း မိမိ အနေဖြင့် သားဖြစ်သူအတွက် စိုးရိမ်ခဲ့ကြောင်း၊ ငယ်စဉ်က ခေါင်းကိုက်ဝေဒနာ မကြခဏခံစား ရလေ့ရှိကြောင်း ဟြေကြား ခဲ့သည်။ ယခင် ခြေထောက် အကြီးဆုံးသူ အဖြစ် စံချိန်တင်ထားသူမှာ တူရကီ နိုင်ငံသား ဆူလ်တန်ကိုဆန် ဖြစ်ပြီး၊ ဖိနပ်ဆိုက်ဒ် (၂၈) ကို ၀တ်ဆင်ရသည်။ ဆူလ်တန်ကိုဆန်သည် အရပ် (၈ပေ၊ ၃ လက်မ) ရှိပြီး အရပ်ရှည်ဆုံး စံချိန်ကို တင်ရှိထားသည်။ ဂျာမနီနိုင်ငံက ဖိနပ်လုပ်သူ ဂျော့ဝက်ဆဲလ်သည် ဟာနန်ဒက်ဇ် အတွက် အထူးဖိနပ် ပြုလုပ် ပေးသွား ရန် စီစဉ် နေကြောင်း သိရသည်။ ဟာနန်ဒက်ဇ်သည် ကျောင်းသင်ခန်းစာများ ပြန်လည် သင်ယူသွားမည် ဖြစ်သော်လည်း ကျဆင်းနေသည့် စိတ်ဓာတ်ကို ပြန်လည် မြှင့် တင်ရန် လိုအပ်နေကြောင်း သိရသည်။                                                                                                                                                                The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment