ဆီးရီးယား ကို ကန် ကြည်းတပ် စေလွှတ်မည်


(U.S. special forces )အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ။
IS စစ်သွေးကြွတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးမှာ အတိုက်အခံအဖွဲ့တွေကို ကူညီဖို့အတွက် ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို အမေရိကန်မြေပြင် တပ်ဖွဲ့ငယ် တခုကို စေလွှတ်မှာဖြစ်ပါတယ်။အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေနဲ့အတူ ဆီးရီးယားဒေသခံ တိုက်ခိုက်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၅၀ လောက်ကို စေလွှတ်ဖို့ အမေရိကန်သမ္မတက ခွင့်ပြုလိုက်ကြောင်း အိမ်ဖြူတော်က သောကြာနေ့မှာ ပြောဆိုခဲ့တာပါ။

အထူးစစ်ဆင်ရေး တခုခုအတွက် သီးသန့်စေလွှတ်တာမဟုတ်ဘဲ ဆီးရီးယားကို အမေရိကန်မြေပြင်စစ်သည်တွေ စေလွှတ်တာ ဒါဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။

ဆီးရီးယားမှာ ဖြန့်ချထားမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေအနေနဲ့ IS စစ်သွေးကြွတွေ အပေါ် ချေမှုန်းနေသူတွေကို သင်တန်းတွေ၊ စစ်ရေးအကြံဥာဏ်တွေ နဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးအပ် သွားမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒါဟာဆိုရင် သမ္မတက လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက ကြေညာထားတဲ့အတိုင်း မဟာဗျုဟာ ချဲ့ထွင်မှု ဖြစ်တယ်လို့လည်း မစ္စတာ Earnest က ပြောဆိုခဲ့တာပါ။ အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်ရဲ့ အဓိက မဟာဗျုဟာကတော့ ဒေသခံတပ်တွေ စွမ်းရည်မြင့်မားဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

IS စစ်သွေးကြွခေါင်းဆောင်တွေနဲ့ ကွန်ယက်တွေကို ချေမှုန်းဖို့ ကြိုးပမ်းရာမှာ အထူး စစ်ဆင်ရေး တပ်ဖွဲ့တွေ ထားရှိဖို့ကိုလည်း အီရတ်ခေါင်းဆောင်တွေနဲ့ သမ္မတ အိုဘားမားဟာ ဆွေးနွေး အတည်ပြုခဲ့ပြီး ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment