စင်ကာပူရောက် မြန်မာများ ကြိုတင်မဲပေးရန် မြန်မာသံရုံးရှေ့ ညအိပ်စောင့်ဆိုင်းရ


စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာပြည်သူများ ကြိုတင်ဆန္ဒမဲပေးရန်အတွက် မြန်မာသံရုံးရှေ့တွင် ညအိပ်စောင့်ဆိုင်း နေသူများလည်း ရှိနေကြောင်း စင်ကာပူရောက် မြန်မာပြည်သူများထံမှ သတင်းရရှိသည် ။

ကြိုတင်မဲပေးခွင့်နှင့် ပတ်သက်၍ စင်ကာပူ အာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိပါက အောက်တိုဘာ ၂၁ ရက်နေ့အထိ ဆန္ဒမဲပေးနိုင်ရန် ရက်တိုးမြှင့် သတ်မှတ်သွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် အဆင်မပြေမှုတစ်ချို့ ရှိနေသော်လည်း မဲရုံထဲဝင်ခွင့်ရရှိရန် ညအိပ်စောင့်ဆိုင်းသူများ ရှိနေပြီး မနက်ငါးနာရီတွင် ထသွားပြီး ညနေ ၅ နာရီမှသာ မဲရုံထဲဝင်ခွင့်ရသူများလည်း ရှိကြောင်း သိရသည်။

“တစ်ချို့ဆိုရင် အလုပ်အပျက်ခံ သူဌေး ဆူဆဲတာခံပြီး မဲလာပေးကြတာတွေလည်းရှိတယ် ၊ လူတွေများတော့ သံရုံးက မဲပေးရက် ထပ်တိုးဖို့ညှိနေတယ်လို့လည်း သူတို့ စာထုတ်တယ်၊ တစ်နေကုန် တန်းစီနေတဲ့ သူတွေအတွက် ရေတွေ အစားအသောက်တွေ လိုက်ဝေပေးတဲ့သူ တချို့လည်းရှိတယ် ။ ပယ်မဲမဖြစ်အောင် သေချာစိတ်ရှည်လက်ရှည် ပြောပြပေးနေတဲ့သူ တချို့လည်း ရှိတယ်” ဟု စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် မဖြိုးဖြိုးက ပြောသည် ။

စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် အောက်တိုဘာ ၁၅ရက်မှ ၁၈ ရက်အထိ ယခင်က သတ်မှတ်ထားခဲ့သော်လည်း မဲပေးမည့် လူဦးရေ များပြားခြင်းကြောင့် သုံးရက် ထပ်မံတိုးမြှင့်ရန် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ခွင့်ပြုချက်ရရှိရန် မြန်မာသံရုံးက စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment