ရေကူးတဲ့အခါ ရေကို သန့်စင်စေမယ့် နည်းပညာမြင့် ဖန်တီးပြုလုပ်ထားတဲ့ ဘစ်ကနီ


ကယ်လ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနေပညာရှင်တွေမှ ဝတ်ဆင်သူကို ဘာထိခိုက်အန္တရာယ်မှ မဖြစ်စေဘဲ ညစ်ညမ်းစေတဲ့ပစ္စည်းတွေ စုပ်ယူခြင်းဖြင့် ရေကို သန့်စင်ပေးမယ့် ဘစ်ကနီသစ်တစ်မျိုး တီထွင်ဖန်တီးခဲ့ပါတယ်။
ရေမှ ညစ်ညမ်းစေတဲ့ပစ္စည်းတွေ ဖယ်ရှားပေးမယ့် ရေမြုပ်တစ်ခုသဖွယ် စွမ်းဆောင်မယ့် 3D ပုံစံ ကိုယ်ထည်နဲ့အတူ ကာဗွန်ဖြင့်အဓိက လုပ်ထားတဲ့ filler ကိရိယာတွေနဲ့ ပြုလုပ်ထားပါတယ်။ ယင်း filler ကိရိယာပစ္စည်းတွေဟာ သူ့အလေးချိန်ရဲ့ အဆပေါင်း ၂၅ ဝန်းကျင် စုပ်ယူနိုင်ပြီး စုပ်ယူထားသော ညစ်ညမ်းစေတဲ့ ပစ္စည်းတွေကို အနည်းဆုံး ၁၀၀၀ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ အပူပေးမှသာ ပြန်ထုတ်ပေးနိုင်ပါတယ်။
ယင်းသုတေသနနဲ့ တီထွင်ဖန်တီးမှု ဦးစီးလုပ်ဆောင်သူ  Mihri Ozkan က သဘာဝပတ်ဝန်းကျင် အကျိုးပြု ရေးကူးဝတ်စုံဝတ်ဆင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုပ်ဆောင်မယ့် ပျော်ရွှင်ဖွယ်နည်းလမ်း တစ်ခုအဖြစ် လူတွေ ဝတ်ဆင်နေကြတာ မြင်တွေ့နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။
ဒီလအစောပိုင်းမှာ ကျင်းပခဲ့တဲ့ 2015 Reshape Wearable Technology Competition မှာ ဒီ တီထွင်ဖန်တီးမှုဟာ ပထမဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ 
Ref: CCTVNews
trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment