ကျူးကျော်ရပ်ကွက်များတွင် နေထိုင်သူများက မဲပေးခွင့်မရမည်ကို စိုးရိမ်နေ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်ရပ်ကွက်များတွင် နေထိုင်သူများက မဲပေးခွင့်မရမည်ကို စိုးရိမ်နေကြောင်း ယင်းတို့ ပြောပြချက်အရ သိရသည်။

စက်မှုလုပ်ငန်းများလုပ်ကိုင်သည့်မြို့နယ်များဖြစ်သည့် လှိုင်သာယာမြို့နယ်၊ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံ စသည့် မြို့နယ်များရှိ စက်မှုဇုန်များတွင် နေထိုင်စရာနေရာတစ်ခုအတွက် နှစ်ရှည်လများစွာနေထိုင်ကြပြီး ရွေးကောက်ပွဲကျင်းပသည့်အခါ ယင်းတို့အနေဖြင့် မဲပေးခွင့်မရမည်ကို စိုးရိမ်ခြင်းဖြစ်ကြောင်း ယင်းတို့ပြောပြချက်အရ သိရသည်။

လှိုင်သာယာ ၅ ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်မှ ဒေါ်လဲ့လဲ့က " ကျွန်မတို့ရပ်ကွက်မှာက ကျွန်မစာရင်းလိုက်ကောက်ထားတာ အိမ်ခြေ ၁,၇၀၀ ကျော်လောက်ရှိကြတယ်။ နယ်ကနေ အလုပ်လာလုပ်ရင်း ဒီမှာနေဖြစ်ကြသူတွေများတယ်။ ကျွန်မဆို ဒီမှာနေတာသုံးနှစ်ရှိပြီ ။ ဧည့်စာရင်းအထောက်အထားလည်းမရှိတော့ မဲပေးခွင့်တောင်းဖို့ကလည်း အခက်အခဲဖြစ်တယ် ပြောတယ။် ပြီးခဲ့တဲ့စက်တင်ဘာ၂၅ ရက်က မဲကိစ္စစာရင်းလာကောက်သွားတယ်။ စာရင်းမှာပါမယ်ပြောတယ်။ ရွာကလည်း ရန်ကုန်သွားတဲ့သူတွေ မဲစာရင်းမပါဘူးလိုပြောတယ်" ဟု ပြောသည်။

အစိုးရက မကြာသေးခင်လပိုင်းက နှစ်ရှည်လများစွာနေထိုင်လာသည့် ကျူးကျော်ရပ်ကွက် အများပြားကို ဖယ်ရှားရှင်လင်းသော်လည်း အချို့နေရာများတွင်မူ ကျန်ရှိနေပြီး အဆိုပါကျန်ရှိနေသူများမှာ မဲပေးခွင့်ရရေးမှာ မရေမရာဖြစ်နေကြောင်း ကျူးကျော်နေထိုင်သူများ ဖြစ်သည့်အတွက် ဧည့်စာရင်းမရရှိခြင်းကြောင့် မဲပေးခွင့်လျှောက်ထားရန် သက်သေအထောက်အထားအခက်ရှိပြီး၊ မူလနေထိုင်ခဲ့သည့်နေရာ မဲစာရင်းတွင်လည်း မပါဝင်ခြင်းများရှိကြောင်း ယင်းတို့အနေဖြင့် နိုင်ငံအတွက်အရေးကြီးသည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရလိုကြောင်း ပြောပြချက်အရ သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment