ပလတ်စတစ်ဖြင့် ပြုလုပ်ထားတဲ့ မျက်ကပ်မှန်တွေအရည်ပျော်ကာ မျက်စိကန်းစေနိုင်ဟု သတင်းထွက်ပေါ်


Barbecue party ပွဲတစ်ခုမှာ ၂၁ နှစ်အရွယ်ကောင်လေးတစ်ဦး မျက်ကပ်မှန် တပ်ဆင်ထားပါတယ်။ အသားမီးကင်နေစဉ် မီးသွေးမီဖိုကို ၂-၃ မိနစ်ကြာ  သူစိုက်ကြည့်နေခဲ့တယ်။ နောက်တော့ အကူအညီ အော်ဟစ်တောင်းဆိုရင်း မိနစ်အနည်းငယ်ကြာ သူ ခုန်ပေါက်ကာ ပျာယာခတ်နေခဲ့ပါတယ်။ သူဘာကြောင့် ယခုလို လုပ်နေလဲဆိုတာ ပါတီပွဲတက်ရောက်သူထဲ ဘယ်သူမှ မသိခဲ့ပါ။
သူဆေးရုံတက်တော့မှ ဒါ သူတပ်ထား မျက်ကပ်မှန်ကြောင့်ဖြစ်ပြီး တစ်သက်လုံး မျက်စိကန်းမှာ ဖြစ်ကြောင်း ဆရာဝန်က ပြောဆိုခဲ့ပါတယ်။ မျက်ကပ်မှန်တွေဟာ ပလတ်စတစ်ဖြင့် ပြုလုပ်ထားတာဖြစ်ပြီး မီးသွေးမီးဖိုဆီက အပူကြောင့် သူ့မျက်ကပ်မှန်ကို အရည်ပျော်သွားစေတာဖြစ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
တကယ်တော့… မျက်ကပ်မှန်တွေဟာ ဂက်(စ်)မီးဖို၊ မီးဖိုမီးစတဲ့ အပူပေးကိရိယာကြောင့် ထိခိုက်ပျက်စီးနိုင်ပါတယ်ဆိုတာ မဟုတ်မမှန်ကန်ပါဘူး။ ပျော့ပျောင်းတဲ့ မျက်ကပ်မှန်တွေဟာ ရေကြိုက်တဲ့ hydrogels ခေါ် အထူးပလတ်စတစ်မျိုးဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ သူ့ကို ပျော့ပျောင်းနေစေဖို့ မျက်ရည်တွေ စုပ်ယူထားပါတယ်။ ဒါပေမယ့် သဘာဝအလျှောက် လူ့မျက်လုံးထဲမှာ ဘယ်လိုမှ မခန်းခြောက်နိုင်တဲ့ အရည်တွေ ပါဝင်တာပါ။
ဒါ့ကြောင့် မီးအပူရှိန်ကို စိုက်ကြည့်ရုံနဲ့ ဒီအဆင့်မြင့် ပလတ်စတစ်မျိုးဖြစ်တဲ့ မျက်ကပ်မှန်တွေ အရည်ပျော်ကျမသွားနိုင်ပါဘူး။ ဒီသတင်းက လှည့်ကွက်တစ်ခုသာ ဖြစ်တယ်။ ဒါပေမယ့်လည်းပဲ အထူးသဖြင့် အရည်အသွေးပြည့်မီတဲ့ မျက်ကပ်မှန်တွေ မသုံးတဲ့အခါမှာတော့ မျက်စိကူးစက်ရောဂါနဲ့ မျက်ကြည်လွှာပြည်တည်နာခြင်းကဲ့သို့ ရောဂါအန္တရာယ်တွေ ဖြစ်တတ်ပါတယ်။
Ref: healthyfoodhelp 
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment